နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်ကိုတိုက်ခိုက်ခဲ့၍ ထိန်းသိမ်းခံထားရသည့် ကျောင်းသူကို ပြန်လွှတ်မည်မဟုတ်ဟု တရားသူကြီး ဆို

ဇူလိုင် ၂၁၊ ဝါရှင်တန်


အိမ်စာမလုပ်ဘဲ မိခင်ဖြစ်သူကို တိုက်ခိုက်ခဲ့ခြင်းကြောင့်  ထိန်းသိမ်းခံထားရသည့်  ကျောင်းသူမိန်းကလေးကို ပြန်လွှတ်ပေးနိုင်ခြင်းမရှိသေးကြောင်း မစ်ချီဂန်ပြည်နယ်မှ တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ ဂရေ့စ်ဟု ခေါ်သည့် အသက် ၁၅ နှစ်အရွယ် လူမည်းမိန်းကလေးမှာ ပြီးခဲ့သည့်မေလကတည်းက လူငယ်ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည်။ '' အမေ့ကို လွမ်းတယ်။ ကျွန်မကိုယ်ကျွန်မ ထိန်းနိုင်ပါပြီ။ ပြောစကားလည်း နားထောင်ပါ့မယ်''ဟု တရားရုံးတွင် ပြောခဲ့သည်။ 


သို့သော် ဂရေ့စ်ကို ဆက်လက်ထိန်းသိမ်းထားခြင်းမှာ ယင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ အဆိုပါအမှုမှာ ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့ပြီး လူမျိုးရေးခွဲခြားသည်ဆိုသည့် စွပ်စွဲချက်များ ဖြစ်ပေါ်စေခဲ့သည်။ ဂရေ့စ်မှာ ထိန်းသိမ်းရေးစခန်းတွင်ထားပြီး ကုသပေးသည့်စိတ်ကျန်းမာရေး ကုထုံးစနစ်ကြောင့် အကျိုးကျေးဇူးရှိနေပြီး ကုသပေးသည့် စီမံကိန်းကြောင့် အကျိုးကျေးဇူးရှိနေကြောင်း၊ ယင်း၏မိခင်ထံပြန်ရန် အသင့်မဖြစ်သေးကြောင်း တရားသူကြီး ဘရင်နန်က ပြောသည်။ ရဲတပ်ဖွဲ့မှာ မိခင်နှင့် သမီးများ ဖြစ်ပွားသည့် ခိုက်ရန်ဖြစ်ပွားမှု အများအပြားကို သွားရောက် ဖြေရှင်းပေးခဲ့ဖူးကြောင်း၊ ဂရေ့စ်မှာလည်း ယင်း၏လုပ်ရပ်ကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း တရားသူကြီး ဘရင်နန်က ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ