နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုမိုးတွင်းကာလတွင် သားရေတုဖြင့်ပြုလုပ်သော ဖိနပ်များကိုသာ အဓိကထား ချုပ်လုပ်ရောင်းချနေရ

ရန်ကုန်  ဇူလိုင်  ၂၁


ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် ရန်ကုန်မြို့ရှိ ဖိနပ်လုပ်ငန်း အများစု ရပ်နားထားရပြီး ပြန်လည်လုပ်ကိုင်လာသော ဖိနပ်လုပ်ငန်းများသည်လည်း ယခုမိုးတွင်းကာလတွင် သားရေတုဖြင့်ပြုလုပ်သော မိုးတွင်းစီးဖိနပ်များကိုသာ အဓိကထား ချုပ်လုပ်ရောင်းချနေရကြောင်း သိရသည်။


ထိုသို့ ဖိနပ်လုပ်ငန်းအများစု ရပ်နားထားရသဖြင့် အဆိုပါ ဖိနပ်လုပ်ငန်းများမှ နေ့စားအလုပ်သမား များသည် တခြားအလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြပြီး ပြန်လည်လုပ်ကိုင်လာသော ဖိနပ် လုပ်ငန်းများတွင်လည်း နေ့စားအလုပ်သမားများ အရေအတွက် လျှော့ချထားရကြောင်း၊ ယခုအခါ မိုးတွင်း ကာလ ဖြစ်သည့်အတွက် အဆိုပါဖိနပ်လုပ်ငန်းများတွင်လည်း ကတ္တီပါဖိနပ်များ၊ စီးကွင့်ဖိနပ်များ ချုပ်လုပ်ခြင်းကို ခေတ္တရပ်နားထားရပြီး သားရေတုဖြင့်ပြုလုပ်သော မိုးတွင်းစီးဖိနပ်များကိုသာ အဓိကထား ချုပ်လုပ်ရောင်းချနေရကြောင်း သိရသည်။


မိုးတွင်းကာလတွင် ဖိနပ်ဝယ်စီးသူများအနေနှင့်လည်း စျေးနှုန်းသက်သာပြီး ဒီဇိုင်းဆန်းလှပသော တရုတ်ဖိနပ်များကိုသာ ဦးစားပေးရွေးချယ်ကြပြီး ပြည်တွင်းဖြစ်ဖိနပ်များကို ၀ယ်ယူမှုနည်းပါးကြောင်း၊ ပြည်တွင်း ဖြစ်ဖိနပ်များကို နယ်ဘက်ဒေသများတွင် ၀ယ်စီးသူပိုများပြီး ရန်ကုန်မြို့ရှိ လက်ကားဆိုင်များမှတစ်ဆင့် နယ်ဘက် ဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


ပြည်တွင်း၌ ဖိနပ်လုပ်ငန်းလုပ်ကိုင်သူများသည် ပြည်တွင်းကုန်ကြမ်း ရ၅ ရာခိုင်နှုန်းနှင့် ပြည်ပကုန်ကြမ်း ၂၅ ရာခိုင်နှုန်းခန့် အသုံးပြုကြပြီး ပြည်ပထုတ်ဖိနပ်များကို ယှဉ်ပြိုင်နိုင်စေရန် ငွေကြေးအရင်းအနှီးအပြင် နည်းပညာလည်း လိုအပ်နေသေးကြောင်း သိရသည်။                                                                


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ