နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးမြေဧရိယာများအားမြေကွက်ရိုက်ရောင်းချမှုကြောင့် သီးနှံထွက်ရှိမှု ၇၀ ရာခိုင်နှုန်းထိခိုက်လာ

ရန်ကုန်  ဇူလိုင်  ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်လမ်းတစ်လျှောက်ရှိစိုက်ပျိုးမြေများတွင် အရစ်ကျပေးသွင်းစနစ်ဖြင့် မြေကွက်ရိုက်ရောင်းချမှုပြန်လည်စည်ကားလာသောကြောင့် ထိုဒေသ၏သီးနှံထွက်ရှိမှု ၇၀ ရာခိုင်နှုန်းကို ထိခိုက်လာလျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ထံမှသိရသည်။

“အခြားနည်းသုံးစွဲခွင့်မရှိတဲ့လယ်မြေတွေမှာ မြေကွက်ရိုက်ပြီးရောင်းချနေတာ ၂၀၁၀ ပြည့်နှစ်ထဲက ယနေ့ ထိဘဲ။ ဒီဘက်ကာလမှာပိုများလာတယ်။ လယ်ယာမြေတွေလည်းကုန်တော့မယ်။ အနောက်ပိုင်းတက္ကသိုလ် လမ်းတစ်လျှောက်က လယ်မြေတွေကို မြေကွက်ရိုက်၊ လမ်းခင်းပြီးရောင်းချနေကြတာ မူလစိုက်ပျိုးမြေဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းထိခိုက်သွားပြီ။ လယ်မြေကိုမြေကွက်ဖော်တဲ့အခါမှာ ရွာခံတွေပါသလို အခြားမြို့နယ်တွေက လည်းပါတယ်။ အင်အားပိုပြီးကြီးထွားလာတယ်။ ရန်ကုန်-ပုသိမ်လမ်း၊ ဘောလည်ကျွန်း၊ တက်သစ်ကျေးရွာ အပါဝင် လယ်မြေတွေကို အကွက်ရိုက်ပြီးရောင်းနေကြတာ ကုန်သလောက်ဖြစ်နေပြီ”ဟု ထန်းတပင်မြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက ပြောသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်လမ်းတစ်လျှောက်ရှိ လယ်မြေများအား မြေကွက်ရိုက်ရောင်းချသည့် နည်းတူထန်းတပင်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဝဲယာတွင်လည်း တစ်ချိန်ကမိုးရာသီစပါးခင်းများ နေရာ၌  စားသောက်ဆိုင်နှင့်အပန်းဖြေရာနေရာများ၊  စီးပွားရေလုပ်ငန်းများနှင့် မြေယာရောင်းချသောလုပ်ငန်းများ၊ စက်ယန္တရားထားသို၊ ရောင်းချရာနေရာများအဖြစ် လယ်မြေများပျောက်ကွယ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာနှင့်ထန်းတပင်မြို့နယ်တို့၌ မြေယာကျူးကျော်မှုနှင့် အခြား နည်းသုံးစွဲခွင့်မရှိသော လယ်ယာမြေများ မြေကွက်ရိုက်ရောင်းချမှုကို COVID-19 စတင်ခဲ့သောဧပြီလတွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး ဇွန်လဆန်းပိုင်းမှစ၍ ပြန်လည်ဦးမော့လာရာ ဇူလိုင်လတွင် အရောင်းအဝယ်ပိုမိုစည်ကားလာလျက်ရှိရာ ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာတို့တွင် နှစ် ၆၀ ဂရန်ကျပြီးပေ ၂၀ ပေ ၆၀ မြေကွက်များအား အရစ်ကျစနစ်ဖြင့်လည်းကောင်း၊ အေးရွာလေးလမ်းနှင့်ထိန်နှစ်ပင်ကျေးရွာလယ်မြေများအား တန်ဖိုးနည်းမြေကွက်များအဖြစ်လည်းကောင်း၊ အနောက်ပိုင်းတက္ကသိုလ်လမ်းမကြီးရှိလယ်မြေများမှ ပေ ၂၀ ၊ပေ ၆၀ မြေကွက်များအား ၁၂ လအရစ်ကျဖြင့် လျှပ်စစ်မီးနှင့်ကွန်ကရစ်လမ်းခင်းကျင်း၍ကျပ် သိန်း၂၀ မှ ၃၅ သိန်းဖြင့်လည်းကောင်း အရောင်းအဝယ်ပြုလျက်ရှိသောကြောင့်မူလစိုက်ပျိုးမြေများအား မြေကွက်ဖော်ရောင်းချမှုကြောင့်သီးနှံ ထွက်ရှိမှု၇၀ ရာခိုင်နှုန်းခန့်ကိုထိခိုက်လာလျက်ရှိကြောင်းသိရသည်။                                                                                


ဓာတ်ပုံ - ကနူး -  ( ၁၁၂)






အခြားဆက်စပ်သတင်းများ