နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးဘဝအမှတ်တရပုံများ မျှဝေလိုက်သည့် JIHYO

ဇူလိုင်  ၂၁


TWICE အဖွဲ့၏ leader JIHYO က ယင်း၏အေဂျင်စီနှင့်အတူ အလုပ်တွဲလုပ်လာသည်မှာ 15 နှစ် ပြည့်သွားသည့် အထိမ်းအမှတ်အဖြစ် ငယ်စဉ်ကချစ်စရာကောင်းသည့်အမှတ်တရပုံရိပ်များကို  TWICE’s official instagram အကောင့်ပေါ်တွင် တင်ပေးခဲ့သည်။ 

ဓာတ်ပုံထဲတွင် JIHYO ငယ်ငယ်က ယင်း၏မိဘများနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံလေးများပါဝင်ပြီး မဂ္ဂဇင်းမျက်နှာဖုံးကာဗာအတွက် ရိုက်ကူးထားသည့်ပုံများလည်း ပါဝင်သည်။ ထိုဓာတ်ပုံများနှင့်အတူ JIHYO က “ ဒီကနေ့မှာ JYP Entertainment နဲ့အတူ 15 နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ်နဲ့ ဟိုးအရင်က ပုံလေးတွေ တင်လိုက်တယ်။ အဲဒီအချိန်တုန်းက ဒီလိုမျိုး 15 နှစ်ပြည့်ပွဲလေးကို ကျင်းပရမယ်လို့ လုံးဝမထင်ခဲ့ဖူးဘူး ဟဟ” ဟု ရေးသားထားသည်။

JIHYO က ယင်း၏အနုပညာလမ်းခရီးမစတင်မီ training ကာလမှ ယနေ့ချိန်ထိ JYP Entertainment နှင့်အတူ လက်တွဲလာခဲ့သူဖြစ်ပြီး TWICE အဖွဲ့နှင့်အတူ 2015 ခုနှစ်က ပွဲဦးထွက်ခဲ့သူဖြစ်သည်။


(HWY)






အခြားဆက်စပ်သတင်းများ