နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလုံးမကစားရသော်လည်း ထိပ်တန်းအချမ်းသာဆုံးစာရင်းဝင်နေဆဲ ဂါရတ်ဘေးလ်

ဇူလိုင်  ၂၁


 ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဇီဒန်းဟာ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပြီးခဲ့တဲ့ လီဂါနက်နဲ့ပွဲမှာ အရန်စာရင်းထဲမှာတောင်ထည့်မထားခဲ့ပါဘူး။ မက်ဒရစ်အသင်းက ဂါရက်ဘေးလ်ကို ပထုတ်ချင်နေတဲ့ သဘောတွေရှိနေပါတယ်။ ဂါရတ်ဘေးလ်ကလည်း  ဘောလုံးမကန်ရလည်း အခွန်အခနုတ်ပြီး တစ်လကို ပေါင် ၃၅၀၀၀၀ ပုံမှန်ရနေသူပါ။


လက်ရှိလာလီဂါရဲ့ လစာအများဆုံးကစားသမားစာရင်းထဲမှာ ပါဝင်နေတုံးပါဘဲ။ အခုလို လစာတွေများ ရတာကတော့  ၂၀၁၆ ခုနှစ်က ဘေးလ်နဲ့ ရီးရဲလ်တို့ကြားချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ကြောင့်ပဲဖြစ်ပါတယ်။ ဘေးလ်ကို ခြောက်နှစ်စာချုပ် သက်တမ်းရှိတဲ့ စာချုပ်နှင့်အတူ ခြောက်နှစ်အတွင်း ပေါင်သန်း ၁၅၀ အထိ ရနိုင်မယ့်စာချုပ် ကိုပါချုပ်ဆိုခဲ့ပါတယ်။ လစာ ပေါင်သန်း ၁၂၀ + ဘောနပ်ပေါင်သန်း ၃၀ ပါ။


ဒါကြောင့် တစ်နှစ်ပေါင်သန်း ၂၀ လောက်လစာကိုဘေးရပြီး အခွန်အခဖယ်လိုက်ရင် ဘေးလ်ဟာ တစ်ပတ်ပေါင် ၃၅၀၀၀၀ လောက်ရနေတာပါ။ ဒီရာသီမှာတော့ ဇီဒန်းက ၁၂ ပွဲပဲ ဘေးလ်ကိုသုံးထားပါတယ်။ အရန်ခုံမှာ ထိုင်ခိုင်းထားပါတယ်။ ဒါပေမယ့် ဘေးလ်ကတော့ ရီးရဲလ်ကနေထွက်မှာမဟုတ်ပါဘူး။ သူရဲ့ကျန်ရှိတဲ့ နှစ်နှစ်သက်တမ်းကို အသင်းပြောင်းဖို့ ဆန္ဒမရှိပါဘူးတဲ့။ 


ဇီဒန်းရဲ့အသင်းမှာ မသုံးလိုမှုခံနေရတဲ့ ဘေးလ်တစ်ယောက် ဒီအပြောင်းအရွှေ့မှာ ပြောင်းသွား မလား၊ ဆက်နေမလားဆိုတာစောင့်ကြည့်ရမှာပါ။ ဘောလုံးမကန်ရလဲ အချမ်းသာဆုံးအားကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပြီး နောက်နှစ်နှစ်ထပ်နေရင် သန်း ၄၀ လောက် ထပ်ပေါင်းရနိုင်တော့ ဘေးလ်ပို၍ ချမ်းသာသွားဦးမှာပါ။                                                         


(SO)






အခြားဆက်စပ်သတင်းများ