နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားအသစ်မွေး အဟောင်းရောင်းနေတဲ့ ဒေါ့မွန်အမြတ်ရနေ

ဇူလိုင်  ၂၁


 အရည်အသွေးမြင့်တဲ့ လူငယ်ကစားသမားတွေရှာဖွေဝယ်ယူရာမှာ ဒေါ့မွန်အသင်းက အကျွမ်းကျင်ဆုံးလို့ ဆိုရမှာပါ။ ကစားသမားအရောင်းအဝယ်လုပ်ရာမှာ အမြဲအမြတ်အစွန်းရရှိနေခဲ့ပါတယ်။ ယခုလည်းဒေါ့မွန်ဟာ အကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဘာမင်ဂန်အသင်းရဲ့ လူငယ်ကစားသမားလေး ဘယ်လင်ဟမ်ကို ပေါင် ၂၂ ဒသမ ၇၅ သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြန်ပါပြီ။  ဘယ်လင်ဟမ်ဟာ အသက် ၁၇ နှစ်အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့်ကစားသမားတစ်ယောက်ပါ။

လူငယ်ကစားသမားတွေကလည်း ပွဲထွက်ခွင့်အတွက် အာမခံရရှိတာက ဒေါ့မွန်အသင်းဖြစ်တာရယ်၊ ပွဲထွက်ခွင့်ရမှ ခြေစွမ်းပြနိုင်မှာဖြစ်တာရယ်၊  ခြေစွမ်းပြခွင့်ရမှ တစ်ဆင့်မြင့်တက်ဖို့ ပိုမိုလွယ်မှာဖြစ်တာရယ်တွေကြောင့် ဒေါ့မွန်အသင်းကို လူငယ်ကစားသမားတွေ ရွေးချယ် နေကြတာပဲဖြစ်ပါတယ်။


ဘာလင်ဟမ်ဟာ ဘာမင်ဂန်အသင်းကိုရောက်တော့ ၁၇ နှစ်မပြည့်သေးပေမယ့် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အားကိုးလောက်ရတဲ့ ကစားသမားတစ်ဉီးဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ကွက်ကျော်မြင်တဲ့ ဒေါ့မွန်တို့က မန်ယူတို့ ထက် လက်ဉီးမှုရယူကာခေါ်ထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တို့ ဘယ်လင်ဟမ်ကို ခေါ်နိုင်တာကြောင့် ဆန်ချိုကို မန်ယူထံ ရောင်းချဖို့ ပိုဖြစ်လာနိုင်မှာပါ။ ဒါပေမယ့် ဒေါ့မွန်က ပေါင်သန်း ၁၀၀ လိုချင်နေပေမယ့်  မန်ယူတို့က ပေးချေဖို့  လက်တွန့်နေပါတယ်။


ဆန်ချိုက ဒေါ့မွန်ကနေမခွာချင်ပေမယ့် မန်ယူကနေ ပေါင် သန်း ၁၀၀ ပေးရင် ဒေါ့မွန်တို့ကစားသမားကိုပြောင်းဖို့ ဖိအားပေးအတင်းရောင်းမယ့် သဘော ရှိနေပါတယ်။ ဒေါ့မွန်ဟာ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အကောင်းဆုံး စီမံဆောင်ရွက်တတ်တဲ့အသင်း   ဖြစ်ပါတယ်။                                                                                     

(SO)






အခြားဆက်စပ်သတင်းများ