နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Memorial Tournament ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဂျွန်ရမ်း ဆွတ်ခူး၊ ကမ္ဘာ့အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်

ဇူလိုင်  ၂၁


 အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၌ ကျင်းပခဲ့သည့် Memorial Tournament  ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ဂျွန်ရမ်းက ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ဂျွန်ရမ်းသည် ယင်းပြိုင်ပွဲ တတိယနေ့အပြီးတွင် အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံး နေ့တွင်လည်း အကောင်းဆုံးပုံစံဖြင့် သတ်မှတ်ရိုက်ချက်ထက် ကိုးချက်လျှော့ရိုက်ကာ အမှတ်ပေးဇယား ထိပ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်(၁) နေရာကိုပါ မက်အီလ်ရွိုင်းထံမှ လွှဲပြောင်းရယူနိုင်ခဲ့သည်။


အဆိုပါပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့တို့တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့် ပယ်လ်မာ သည် နောက်ဆုံးနေ့တွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်သာ လျှော့ရိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အမေရိကန်ဂေါက်သီးရိုက်ကစားသမား ဖစ်ဇ်ပက်ထရစ်က သတ်မှတ် ရိုက်ချက်ထက် ငါးချက်လျှော့ရိုက်ကာ အဆင့်(၃)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။


ဂျွန်ရမ်းက “ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲဆိုတာကို မသိ တော့ပါဘူး။ အခုလို ကမ္ဘာ့အဆင့်(၁)နေရာကို ရယူဖို့ဆိုတာ ကျွန်တော် အသက်၁၃ နှစ်၊ ၁၄ နှစ်အရွယ်ကတည်း က မက်ခဲ့ရ တဲ အိပ်မက်ပါ။ စပိန်လူမျိုးတစ်ယောက်အနေနဲ့ ဂေါက်သီးရိုက်လောကမှာ ကမ္ဘာ့အဆင့်(၁) နေရာကို ရယူနိုင်ခဲ့ တဲ့ မှတ်တမ်းမျိုးရရှိခဲ့သလို ဒီလိုကြီးကျယ်ခမ်းနားတဲ့ မှတ်တမ်းထဲမှာ ပါဝင်လာခွင့်ရတာကိုလည်း ဝမ်းသာမိပါတယ်”ဟု ပြောကြားခဲ့သည်။     


(သူရိန်)






အခြားဆက်စပ်သတင်းများ