နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အားကစားလောကမှ တန်ကြေးအမြင့်ဆုံးစာချုပ်ပိုင်ရှင်များ

ဇူလိုင်  ၂၁


ပက်ထရစ်မာဟိုမက်စ်(အမေရိကန်ဘောလုံး) ဒေါ်လာ ၅၀၃ သန်းအမေရိကန် ကန်ဆက်စီးတီးချိဖ်အသင်းက အသက် (၂၄) နှစ်အရွယ်ရှိ နောက်ခံကစားသမား ပက်ထရစ် မာဟိုမက်စ်ဟာ လက်ရှိအသင်းနဲ့ နောက်ထပ် ၁၀ နှစ် စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ၂၀၃၁ ခုနှစ် အထိ  အဲဒီအသင်းမှာ ဆက်ရှိနေမှာပါ။

ကန်ဆက်စီးတီးနဲ့ ချုပ်ဆိုတဲ့ မူလတန်ကြေးက ဒေါ်လာသန်း ၄၅၀ ဖြစ်ပေမယ့် ဆုကြေးနဲ့ အခြားငွေကြေးပိုင်းတွေ ပါဝင်နေတာကြောင့် ဒေါ်လာ ၅၀၃ သန်းထိ မြင့်တက် ခံစားလာရမှာဖြစ်ပါတယ်။


မိုက်ထရော့(မေဂျာလိဘေ့စ်ဘော) ၄၂၆ သန်း မိုက်ထရော့ဟာ လော့စ်အိန်ဂျယ်လိစ်အိန်ဂျယ်အသင်းနဲ့ ၁၂  နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၃၅ ဒသမ ၅ သန်းရရှိမှာဖြစ်ပါတယ်။ ဆုကြေးနဲ့ အခြားငွေကြေးများပေါင်းရင် ဒေါ်လာ ၄၂၆ သန်းရရှိမှာပါ။ မိုက်ထရော့ ဟာ မေဂျာလိဂ်ဘေ့စ်ဘောအောစတားအသင်းမှာ ရှစ်နှစ်တိုင်ပါဝင်ကစားခဲ့ပြီး အကောင်းဆုံးကစားသမားဆု သုံးကြိမ်ရရှိခဲ့သူဖြစ်ပါတယ်။


ကန်နယ်လိုအယ်ဗာရက်ဇ်(လက်ဝှေ့) ၃၆၅ သန်း၂၀၁၈ ခုနှစ်ထဲမှာ အွန်လိုင်းအားကစားလွှင့်ထုတ်မှုကုမ္ပဏီ DAZN နဲ့ မက္ကဆီကို လက်ဝှေ့သမား ကန်နယ်လိုအယ်ဗာရက်ဇ်တို့ လက်ဝှေ့ပွဲ ၁၁ ပွဲအတွက် တန်ကြေးဒေါ်လာ ၃၆၅ သန်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ် ဆိုခဲ့ကြပါတယ်။


အဲဒီ အချိန်ကာလက အမြင့်ဆုံးအားကစား စာချုပ်တစ်ရပ်ဖြစ်ပါတယ်။ လက်ဝှေ့ပွဲတွေကို ရုပ်သံမီဒီယာတွေအပြင် အွန်လိုင်းမီဒီယာတွေကလည်း ထုတ်လွှင့်ပြသလာတာဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ