နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်နိုင်ငံခွဲကျင်းပသွားမယ့် WLC-12 Hideout Battles ပြိုင်ပွဲ

ဇူလိုင်  ၂၀


 ယခု Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း WLC ပြိုင်ပွဲကြောင့် နိုင်ငံတွင်းရောဂါ ပျံ့နှံ့မှုမဖြစ်စေရန် WLC-12 Hide Out Battles ပြိုင်ပွဲကို နှစ်နိုင်ငံခွဲကျင်းပရန် WLC မှ စီစဉ်နေကြပါတယ်။

“ပြည်တွင်းတွဲဆိုင်းငါးဆိုင်းကို ရန်ကုန်မြို့မှာကျင်းပမှာဖြစ်ပြီး ပြည်ပကစားသမား တွဲဆိုင်းသုံးဆိုင်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရုပ်သံရိုက်ကူးရေးဌာနတစ်ခုမှာ တစ်ပြိုင်နက်ကျင်းပမှာဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု နှစ်ခုကို အချိန်နဲ့တစ်ပြေးညီတိုက်ရိုက်ပေါင်းစပ်ပြီး နိုင်ငံတကာရုပ်သံဌာနတွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ ပြင်ဆင်နေကြပါပြီ” လို့ WLC မှ တာဝန်ရှိသူကပြောပါတယ်။ ပြည်ပတွဲဆိုင်းများကို ပြည်တွင်းအမှတ်ပေးဒိုင်များက ရုပ်သံတိုက်ရိုက်ကြည့်ရှု၍ အမှတ်ပေးအကဲဖြတ်သွားကြမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင် WLC ၏ ၂၀၂၀-၂၀၂၁ လက်ဝှေ့ပြက္ခဒိန်အရ  ဩဂုတ်လ ၇ ရက်တွင် ကျင်းပရန်စီစဉ်ထားပေမယ့်  ကန့်သတ်စည်းမျဉ်းတချို့ရှိနေခြင်းကြောင့် သတ်မှတ်ရက်ထက် နောက်ကျ ကျင်းပဖွယ်ရှိနေပါတယ်။ WLC-12 Hide Out Battles ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီကျင်းပ နိုင်ရန် အားကစားသမားများ၊ ဒိုင်များ၊ ပွဲကျင်းပရေးတာဝန်ရှိသူများကို Quarintine ၂၁ ရက်ထားရှိမည့်အပြင် Covid-19 ရောဂါစစ်ဆေးရန်လည်း စီစဉ်ထားကြောင်း သိရပါတယ်။      


(SO)






အခြားဆက်စပ်သတင်းများ