နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာသာဘာလင် လူငယ်ကစားသမား ဆာမက်ဒစ်ကိုခေါ်ယူရန် ဂျူဗင်တပ်အသင်း စီစဉ်

ဇူလိုင်  ၂၀


ဂျူဗင်တပ်အသင်းသည် ဂျာမနီကလပ် ဟာသာဘာလင်အသင်းမှ လူငယ်ကစားသမား ဆာမက်ဒစ်ကို ခေါ်ယူ ရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဆာမက်ဒစ်သည် ဥရောပအသင်းကြီးများ၏ စောင့်ကြည့် ခြင်းကို ခံနေရသူဖြစ်ပြီး အနာဂတ်တွင် ဂျာမနီအသင်းအတွက် အားထားရမည့် ကစားသမားအဖြစ် သတ်မှတ် ခြင်းခံထားရသူဖြစ်သည်။

ဆာမက်ဒစ်သည် ဟာသာဘာလင်အသင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသည့် ကစားသမား မဟုတ်သေးဘဲ လူငယ်အသင်းတွင်လည်း ပါဝင်ကစားနေရသူဖြစ်သည်။

ဂျူဗင်တပ်အသင်းက ဆာမက်ဒစ်ကို ခေါ်ယူရန် လူငယ်အသင်းသို့ ဆက်သွယ်နေပြီး လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

ဆာမက်ဒစ်ကို မန်စီးတီး၊ အေတီကိုနှင့် ဘာစီလိုနာအသင်းတို့ကလည်း စောင့်ကြည့်နေသောကြောင့် ဂျူဗင်တပ်အသင်းက လက်ဦးမှုရယူနိုင်ရေးအတွက် လူငယ်အသင်းထံသို့ စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ