နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခွင့်အရေးဆတူရှိနေတဲ့ မန်ယူ-ချယ်လ်ဆီး FA ဆီမီးဖိုင်နယ်ပွဲလာပါပြီ

ဇူလိုင်   ၁၉

FA  ဆီမီးဖိုင်နယ်ပွဲရဲ့ ဒုတိယပွဲအဖြစ် မန်ယူနဲ့ချယ်ဆီးတို့ ဝင်ဘလေကွင်းကြီးမှာ တနင်္ဂနွေနေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာကစားတော့မှာဖြစ်ပါတယ်။ ချယ်လ်ဆီးက မန်ယူကို အိမ်ကွင်း၊ အဝေးကွင်းမှာ ရှုံးနိမ့် ထားပါတယ်။ မန်ယူဟာ  နောက်ဆုံးငါးပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ချယ်လ်ဆီးဂိုးသမား ကီပါကတော့ ဒီရာသီမှာ ၄၂ ဂိုးထိ ဂိုးပေးထားရပါတယ်။

မန်ယူအသင်းဟာ လူငယ်ကစားသမားအများစုပါဝင်ပြီး ဂိုးသွင်းအား၊ အလယ်တန်းကစားကွက်မှာတော့ ချယ်လ်ဆီးထက်သာနေမယ်လို့ထင်ပါတယ်။ ဂိုးသမားချင်းယှဉ်ရင်လည်း မန်ယူဂိုးသမား ဒီဂီယာက ပိုသာလွန် တာတွေ့ရပါတယ်။ ဘယ်လိုအခြေအနေတွေရှိနေပါစေ သူတို့နှစ်သင်းစလုံးအခွင့်အရေးအရတော့ ဆတူရှိနေ ပါတယ်လို့ ဝေဖန်သူတွေက ခန့်မှန်းထားကြတာလည်းတွေ့ရပါတယ်။

ချယ်လ်ဆီးနည်းပြလမ်းပတ်ကတော့ “ဒီနှစ်ထဲမှာ VAR က မန်ယူကိုမျက်နှာသာပေးခဲ့တာတွေကို မီဒီယာတော်တော်များများက ရေးသားနေတာတွေ့ရပါတယ်။ မန်ယူနဲ့ ပဲလေ့စ်ပွဲဖြစ်ရပ်တွေ၊ မန်ယူနဲ့ အက်စတွန်ဗီလာတုံးကရတဲ့ ပင်နယ်တီတွေက သိသာထင်ရှားခဲ့ပါတယ်။ မန်ယူအသင်း ကစားသမားကောင်း တွေများတဲ့အသင်းပါ။ သူတို့အသင်းက အမြန်နှုန်းကိုမြှင့်တင်ပြီး ကစားတဲ့အသင်းဖြစ်တာကြောင့် သူတို့နဲ့ကစားတဲ့အခါ ကျွန်တော်နောက်တန်းကစားသမားတွေကို သတိထားဖို့မှာထားပါတယ်။  VAR ဆုံးဖြတ်ချက်တွေဟာ ဘယ်ဘက်မှ မျက်နှာမလိုက်ဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပါစေလို့ဘဲ ကျွန်တော် ဆုတောင်းရမှာပါ” လို့ ပြောခဲ့ပါတယ်။ FA  ဖလားက လက်တကမ်းအကွာမှာရောက်နေပါပြီ။ မန်ယူနဲ့ချယ်လ်ဆီး နှစ်သင်းအနက် ဘယ်အသင်း FA ဖလားဗိုလ်လုပွဲကြီးကို အရောက်လှမ်းနိုင်မလဲဆိုတာတော့ (တနင်္ဂနွေ)ည စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

  (SO)






အခြားဆက်စပ်သတင်းများ