ဇူလိုင် ၁၉
ခံစစ်မှူးတွေ၊ ဂိုးသမားတွေဆိုတာက တစ်ချက်မှားရင်အပြောခံရလို့မပြီးတော့ပေမယ့် ဘယ်လောက် ကောင်းကောင်း ဘလွန်ဒီအောဆုတော့မရတဲ့သူတွေပါ။ ကန်နာဗားရိုးနောက်ပိုင်း ဘယ်သူမှမရဖူးတော့သလို လက်ရှိခေတ်မှာလည်း နောက်တန်းကောင်းက ရှားပါးတဲ့ထုတ်ကုန်ပါ။ ရီးရဲလ်မက်ဒရစ်ကတော့ လက်ရှိမှာ နောက်တန်းကောင်းနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ကတော့ ရာမို့စ်နဲ့ဗာရာနေးပါ။ ရာမို့စ်ကောင်းတာကို မိတ်ဆက်စရာမလိုပေမယ့် မီဒီယာတွေရဲ့ တခုတ်တရဖော်ပြချီးကျူးမှုကိုမခံရတဲ့ ဗာရာနေးဟာ ရီးရဲလ် နောက်တန်းသူရဲကောင်းပါ။
အသင်းက စာချုပ်ဖျက်သိမ်းကြေးကို အများကြီးထည့်ချုပ်ထားပါတယ်။ အကြောင်းကတော့ ဗာရာနေးဟာ ကစားသမားကောင်း၊ အရွယ်ကောင်း ၂၇ နှစ်အရွယ်သာရှိပါသေးတယ်။ ကလပ်ကစားသမား ဘဝမရဘူးသေးတဲ့ ဖလားမရှိသလောက်ပါဘဲ၊ ပြင်သစ်နဲ့လည်း ကမ္ဘာ့ဖလားကိုကိုင်မြှောက်ခဲ့သူပါ။ ဗာရာနေးဟာ ပွဲချိန်အပြည့်ကစားခဲ့ရ သူပါ။
ပြင်သစ်အတွက်ဆို လူစားတောင်မလဲခဲ့ရပါဘူး။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘာစီလန်အသင်းနဲ့ ၁၇ ပွဲကစားခဲ့ပါတယ်။ ၁၀နှစ်တာဖြတ်သန်းကစားခဲ့ရာမှာ ခံစစ်မှူးတစ်ယောက်အနေနဲ့ ရယူထားတဲ့ဆုတွေက ၁၉ ခုရှိနေခဲ့ပါတယ်။ ဗာရာနေးဟာ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်၊ လာလီဂါ ၃ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ်အဖြစ် ဆုဖလားများရယူနိုင်ခဲ့ပါတယ်။ ဗာရာနေးလို အသက်အရွယ်မှာ ဗာရာနေးပိုင်ဆိုင်သလို ဆုဖလားမျိုးရခဲ့ဖူးတဲ့ ကစားသမားခံစစ်မှူးထဲမှာတော့ အလွန်ရှားပါးမယ်လို့ထင်ပါတယ်။
(SO)