နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်အမေရိက(ပိုလန်) ပြေးခုန်ပစ်ပြိုင်ပွဲမှာ ကမ္ဘာ့ကြေးတံဆိပ်ဆုရှင်နဲ့ အမေရိကန်ချန်ပီယံတို့ စံချိန်သစ်များတင်

ဇူလိုင်   ၁၉

ကမ္ဘာ့ပြေးခုန်ပစ်အမျိုးသားကြေးတံဆိပ်ရှင် မိုအာမက်နဲ့ အမေရိကန်အမျိုးသမီးတာလတ်ချန်ပီယံ ရှယ်လ်လီဟူလီဂန်တို့ဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်က ပိုလန်နိုင်ငံတွင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ရပ်မှာ မြောက် အမေရိက မီတာ ၅၀၀၀ စံချိန်သစ်များအသီးသီးတင်နိုင်ခဲ့ကြပါတယ်။

အာမက်ရရှိခဲ့တဲ့ ၁၂ မိနစ် ၄၇ ဒသမ ၂၀ စက္ကန့်စံချိန်ဟာ ၂၀၁၁ ခုနှစ်မှာ အာနတ်လာဂတ်တင်ထားခဲ့သည့် မြောက်အမေရိကစံချိန်ထက် ခြောက်စက္ကန့်လျော့နည်းခဲ့ပါတယ်။ တာလတ်ချန်ပီယံ ဟူလီဂန်ရဲ့ ၁၄ မိနစ် ၂၃  ဒသမ ၉၂ စက္ကန့်စံချိန်မှာလည်း သူမကိုယ်တိုင်တင်ထားခဲ့သည့်စံချိန်ထက် ၁၀ ဒသမ ၅၃ စက္ကန့်ပိုမိုလျော့နည်း ပြေးခဲ့ပြီး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယရရှိခဲ့တဲ့ ကာရစ်ဆာရှဝိုက်ဇာကလည်း ယခင်စံချိန်ဟောင်း ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ အမျိုးသမီးအိုလံပစ်တာတိုချန်ပီယံ ရေဆာပရိုက်စ်ကလည်း ပိုလန်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၀၀ ကို ၁၁ စက္ကန့်ပြေးကာ အနိုင်ရရှိခဲ့ပါတယ်။ ဖရေဆာပရိုက်စ်ရဲ့ ဒီစံချိန်ဟာ ယခုနှစ် အတွင်း ကမ္ဘာ့အကောင်းဆုံးစံချိန်တစ်ခုဖြစ်ကြောင်း သိခဲ့ရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ