နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ မူးယစ်တပ်ဖွဲ့စု(၂၉)ထံ လွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် တပ်မတော်နယ်မြေ ရှင်းလင်းရေးစစ်ကြောင်းမှ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ပူနား ကိုကျေးရွာအနီးမယ်ဆိုင်လုံချောင်းဘေးတွင် သိမ်းဆည်းရမိသော လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများကို မတ် ၃ ရက်၊ မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၉)ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းသည် မတ် ၁ ရက်၊ ညနေပိုင်းက မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ပူနားကို ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မယ်ဆိုင်လုံ ချောင်းအနီးစွန့်ပစ်ထားသော လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ရေစိုပျက်စီး ဂရမ် ၂ဝဝ ခန့်ပါ အဖြူရောင်ပလတ်စတစ်အိတ်တစ် ထုပ်၊အပြာရောင်ကပ်ခွာအိတ် ၁၁ အိတ်အတွင်း ထည့်လျက်စိတ်ကြွရူး သွပ်ဆေးမှုန့်ဟုယူဆရသော လိမ္မော်ရောင်အမှုန့်ဂရမ် ၅ဝဝ ခန့်ပါ ပလတ် စတစ်အိတ်တစ်ထုပ်ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများ မယ်ဆိုင်လုံချောင်းအတွင်း စွန့်ပစ်ထား မှုကို မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၁၅/၂ဝ၂ဝ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မိုးခါး






အခြားဆက်စပ်သတင်းများ