ရန်ကုန် ဧပြီ ၁၁ COVID-19 ကာကွယ်ရေးအတွက် ကြည့်မြင်တိုင်မြို့နယ်၊ အနောက်ပိုင်းဆေးရုံကြီး(ရန်ကုန်)တွင် လူမှုပရဟိတအသင်းများ စုပေါင်းဖွဲ့စည်းထားသည့် (COVID-19 RESPONSE TEAM) နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာကွယ်ဆေးဖျန်းခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝင်း၊ အနောက်ပိုင်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုလတ်တို့က ဧပြီ ၁၀ ရက်က အားပေးကြည့်ရှု ပူးပေါင်းဆောင်ရွက်ခဲ့ကြစဉ်။ (NWA)