နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်ရေးဇုန်အတွင်းရှိ ကလေးငယ်များကို လင်းပိုင်အရုပ်များ ဝေမည်

ရန်ကုန်  ဇူလိုင်    ၁၉  

 ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်ရေး ထိန်းသိမ်းရေးဇုန်အတွင်းရှိ ကလေးငယ်များကို လင်းပိုင် အရုပ်များ ဝေသွားမည်ဖြစ်ကြောင်း Natural Green Alliance သဘာဝစိမ်းအဖွဲ့မှ သိရသည်။

 ဧရာဝတီလင်းပိုင်များသည် တရားမဝင်ဘက္ကထရီလျော့တိုက်ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းပိုက်များတွင် ငြိတွယ်ခြင်း၊ ရေယာဉ်ပန်ကာများ၏ ခုတ်ဖြတ်ခံရခြင်းများမရှိစေရန် အသိပညာပေးလှုပ်ရှားမှုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည် ။

 " ဧရာဝတီလင်းပိုင်ဆိုတာ နိုင်ငံအတွက် သက်ရှိ သဘာ ဝအရင်းအမြစ် ဒါကိုသေချာထိန်းသိမ်းဖို့လိုတယ်။  လင်းပိုင်တွေကို လူ့ပယောဂကြောင့် သေဆုံးရမှုတွေ လျော့ကျသွားစေဖို့လုပ်ဆောင်တာပါ " ဟု Natural Green Alliance သဘာဝစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက ပြောသည် ။

ဧရာဝတီလင်းပိုင်များ မျိုးတုံးပျောက်ကွယ်ခြင်းမရှိစေရေးအတွက် လင်းပိုင်အရုပ်များကို သြဂုတ်လ အတွင်းတွင် လင်းပိုင်ရုပ်စုစုပေါင်း ၂၀၀ ကျော်သွားရောက်ဝေမည်ဖြစ်သည် ။
 "ဒီလိုအရုပ်ကလေးတွေနဲ့ပညာပေးလိုက်တဲ့အခါကျတော့ ဒီအရုပ်ကလေးတွေ မြင်တဲ့အခါတိုင်း ဒါတွေကိုထိန်းသိမ်းရမယ် ကာကွယ်ရမယ်ဆိုတဲ့အသိတွေဖြစ်နေမယ်" ဟု လင်းပိုင်အရုပ်ကလေးများ လှူဒါန်းပေးသည့်  ဦးစိန်ဝင်း(မောင်စိန်ဝင်းနှင့်ညီများကုမ္ပဏီ) ကပြောသည်။

ဧရာဝတီလင်းပိုင်များသည် မန္တလေးတိုင်းဒေသကြီး   မင်းကွန်းဒေသမှ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ  နေထိုင်ကျက်စားကြပြီး ဧရာဝတီလင်းပိုင်များအား နောက်ဆုံးကောက်ယူခဲ့သည့် စာရင်းများအရ ပထမ ထိန်းသိမ်းရေး ဧရိယာအတွင်းတွင် လင်းပိုင် ၂၅ ကောင်၊ ဒုတိယထိန်းသိမ်းရေးဧရိယာအတွင်းတွင် လင်းပိုင် ၃၄ ကောင်ရှိကြောင်း သိရသည် ။
  ၂၀၁၉ ခုနှစ်တွင် ဧရာဝတီလင်းပိုင်သုံးကောင် သေဆုံးပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယခုအထိ စုစုပေါင်းခြောက်ကောင်အထိ သေဆုံးမှုများရှိလာပြီဖြစ်သည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ