နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလှူဒါန်းလိုသူများအတွက် သင်္ကြန်ရက်များတွင် အမျိုးသားသွေးဌာန(ရန်ကုန်)အား ဖွင့်ပေးထားမည်

ရန်ကုန် ဧပြီ ၁၁ သင်္ကြန်ရက်များအတွင်း သွေးလှူဒါန်းလိုသူများအတွက် အမျိုးသားသွေးဌာန(ရန်ကုန်)အား တစ်နေကုန် ဖွင့်ပေးထားမည်ဖြစ်ကြောင်း အဆိုပါ အမျိုးသားသွေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် သွေးလှူဒါန်းပွဲအချို့အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သော်လည်း အမျိုးသားသွေးဌာန(ရန်ကုန်)တွင် သွေးလှူဒါန်းလိုသူများအား လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အလားတူ နှစ်ဆန်းတစ်ရက်နေ့ အပါအဝင် ယခုနှစ် သင်္ကြန်ရက်များ၊ အလုပ်နားရက်များတွင် သွေးလှူဒါန်း လိုသူများအတွက်လည်း အဆင်ပြေစေရန် အမျိုးသားသွေးဌာန(ရန်ကုန်)ကို နေ့စဉ် နံနက် ၈ နာရီမှ ည ၇ နာရီ အထိ ဖွင့်လှစ်ထားကာ သွေးအလှူရှင်များအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သွေးလှူဒါန်းလိုသူများအနေဖြင့် အင်တာနက်ဝက်ဘ်ဆိုက် - www.donatebloodmyanmar.org တွင် ကြိုတင်စာရင်းပေးသွင်းပြီး သွေးလှူဒါန်းနိုင်သလို ကိုယ်တိုင်လာရောက်စာရင်းပေးသွင်းကာ တစ်ခါတည်း သွေးလှူဒါန်းလိုပါကလည်း အဆင်ပြေစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ