နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှစ်နှစ်အတွင်း တတိယအကြိမ် လာလီဂါဖလားလက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာ

ဇူလိုင်   ၁၈


ရီးရဲလ်မက်ဒရစ်အသင်းက ဒုတိယနေရာမှ ဘာစီလိုနာကို လက်ကျန်တစ်ပွဲအလိုမှာပဲ ခုနစ်မှတ်ဖြတ်ပြီး လာလီဂါဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဘာစီတို့ဟာ ဇွန်လအတွင်းမှာ ဆီဗီးလား၊ ဆယ်တာဗီဂို၊ အေတီကိုအသင်းတွေကို သရေကျခဲ့တာကြောင့် အမှတ်တွေဆုံးရှုံးခဲ့ပြီး ရီးရဲလ်တို့ ဦးဆောင်ဖို့ အခွင့်အရေးတွေရခဲ့ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အဲဒီရလဒ်တွေကြောင့် ဘာစီရဲ့ ဖလားမျှော်လင့်ချက်တွေ အဆုံးသတ်စေခဲ့တယ်လို့ ပွဲကျန် ၂ ပွဲအလိုမှာ ဆွာရက်ဇ်က ပြောခဲ့တာဖြစ်ပါတယ်။ “အရိုးသားဆုံးပြောရရင် လိဂ်ဖလားက ကျွန်တော်တို့အတွက် မဖြစ်နိုင် တော့ပါဘူး။ ဆီဗီးလားပွဲမှာ ကျွန်တော်တို့ ခက်ခဲစွာကစားခဲ့ပေမယ့် ကျွန်တော်တို့ ဦးဆောင်နိုင်ဖို့ အခွင့်အရေး တွေရှိခဲ့ပါတယ်။ အသုံးမချနိုင်ခဲ့ပါဘူး။ နောက် ဗီဂိုနဲ့ပွဲမှာ နောက်တစ်ကြိမ်အခွင့်အရေးထပ်မံရပါသေးတယ်၊ ထပ်မံဆုံးရှုံးခဲ့ရပါတယ်။ ဗီဂိုကိုနိုင်ခဲ့ရင် အက်တီကိုကို ကျွန်တော်တို့ ကောင်းစွာရင်ဆိုင်နိုင်ခဲ့မှာပါ။ ခုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်ရတော့မှာပါ။ လာလီဂါဖလားကို လက်လွှတ်ခဲ့ရသလို ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ကျဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမယ်”လို့ ဆွာရက်ဇ်ကဆိုပါတယ်။  ဘာစီလိုနာ တို့ကတော့ အဆင့် ၁၁ က အိုဆာဆူနာကို ၁-၂ နဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ရတာကြောင့် ရှစ်နှစ်အတွင်း (၃)ကြိမ် ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။                                                                                     

(SO)






အခြားဆက်စပ်သတင်းများ