နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဖြစ်နိုင်တာကို တကယ်ဖြစ်အောင်သက်သေပြနေတဲ့ လာလီဂါချန်ပီယံအသင်း

ဇူလိုင်   ၁၈


ဘောလုံးရာသီတစ်ခုအတွင်းမှာ တစ်သင်းလုံးမှာရှိတဲ့ ကစားသမားတွေအားလုံးနီးပါး ဂိုးသွင်းနိုင်တယ် ဆိုတဲ့ဖြစ်ရပ်မျိုးရှိတယ်ဆိုရင်ယုံကြမှာလား၊ မယုံမရှိကြပါနဲ့ ဒီအဖြစ်မျိုးကရှိတော့ရှိတယ် ရှားတယ်လို့ ပြောရမှာပါ။ ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတိုင်း ဂိုးသွင်းကြတာမဆန်းပါဘူး၊ နောက်တန်း ခံစစ်မှူး တိုင်းဂိုးသွင်းပြဖို့တော့ ဆန်းနေတယ်လို့တော့ပြောရမှာပါ။ ရှေ့တန်း၊ အလယ်တန်းနဲ့ နောက်တန်းမှူး တွေပါ ဂိုးသွင်းတယ်ဆိုတာက ဖြစ်နိုင်ခြေနည်းပါတယ်။ 

အဲဒီလိုမဖြစ်နိုင်တာကို တကယ်ဖြစ်အောင်လုပ်ပြထားတဲ့အသင်းကတော့ လာလီဂါချန်ပီယံလောင်း ရီးရဲလ်မက်ဒရစ်အသင်းပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီကစားသမားစာရင်းက စုစုပေါင်း ၂၅ ယောက်ဖြစ်ပါတယ်။ အဲဒီထဲက ဂိုးသမား ကော်တွိုက်နဲ့ အေရီယိုလာတို့ကိုဖယ်လိုက်ရင် ၂၃ ဦး ကွင်းထဲမှာကစားရတဲ့သူတွေဖြစ်ပါတယ်။ ဒီ ၂၃ ယောက်ထဲက ၂၂ ယောက်က ရီးရဲလ်မက်ဒရစ်အသင်းအတွက်                   အနည်းဆုံးတစ်ဂိုးသွင်းယူပေးထားတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ဂိုးမသွင်းဘဲ ကျန်နေတဲ့သူကတော့ ဘရာဇီးလူငယ်ခံစစ်မှူး မီလီတာအိုပါ။ ကျန်နောက်တန်းခံစစ်မှူးတွေအားလုံး အသင်းအတွက်ဂိုးတွေ အသီးသီးသွင်းယူထားကြပါတယ်။

ရီးရဲလ်ရဲ့နောက်တန်းဟာ ဒီရာသီမှာ ဂိုးသွင်းအများဆုံးနဲ့ ပေးဂိုးအနည်းဆုံးဖြစ်နေတာပါ။ ဒါကြောင့်လဲ ရီးရဲလ်အသင်း ချန်ပီယံလောင်းဖြစ်နေတာပါ။ ပုံမှန်ကစားခွင့်မရတဲ့ တိုက်စစ်မှူးတွေကလည်း ဂိုးသွင်းခဲ့ တာကြောင့် နည်းပြဇီဒန်းရဲ့ စီမံခန့်ခွဲမှုနဲ့ ကစားသမားကိုင်တွယ်အုပ်ချုပ်ပုံကျွမ်းကျင်မှုကိုဖော်ပြနေတာ ပဲဖြစ်ပါတယ်။ လက်ကျန်ပွဲမှာသာ ကျန်နေတဲ့မီလီတာအို ဂိုးသွင်းခဲ့ရင် ရီးရဲလ်တစ်သင်းလုံးဂိုးသွင်းမှု အပြည့်အဝခံစားရမှာပါ။ ဂိုးသမား ကော်တွိုက်ဟာ စုစုပေါင်း Cleam Sheets ၁၈ ပွဲအထိရယူနိုင်ခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ