နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ကြောင့် ကျန်းမာရေးဝန်ထမ်း ၂၁ ဦး သေဆုံး

ဧပြီ ၁၀၊ မနီလာ ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၃ ဦးအနက် ၂၁ ဦးမှာ ကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ဆေးဘက်ဆိုင်ရာ အစည်းအရုံးဥက္ကဋ္ဌ ဒေါက်တာ ဆန်တီယာဂိုက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းအများအပြား သေဆုံးရခြင်းမှာ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ပြတ်လပ်နေခြင်းကြောင့်ဖြစ်သည်ဟု ဆန်တီယာဂိုက ထောက်ပြခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၄၀၇၆ ဦးရှိသည့်အနက် ၂၅၂ ဦးမှာ ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သည့် လူဇွန်ကျွန်းရှိ ကျန်းမာရေးဝန်ထမ်းများ အတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ အစုံ ၁ သန်း ဖြန့်ဖြူးပေးခဲ့သည်ဟု ပြီးခဲ့သည့်လတွင် ကျန်းမာရေးဌာန အရာရှိများက ပြောခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ