ဧပြီ ၁၀၊ နယူးဒေလီ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လေထုညစ်ညမ်းမှု သက်သာလျော့နည်းသွားခြင်း ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် နေထိုင်သူများမှာ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိမဝန္တာတောင်တန်းကို မိုင် ၁၀၀ ကျော် အကွာအဝေးမှ မြင်တွေ့ခွင့်ရခဲ့သည်။ ဂျာလန်ဒါမြို့နှင့် ပတ်ဝန်းကျင်ဒေသတွင် နေထိုင်သူများကလည်း '' ဟိမဝန္တာတောင်ထိပ်ကို လှမ်းမမြင်ရ တာ ဆယ်စုနှစ်နဲ့ချီနေပြီ''ဟု ရေးသားခဲ့ပြီး ယင်းတို့ မြင်တွေ့ရသည့်ပုံကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ် တင်ခဲ့ ကြသည်။ အိန္ဒိယနိုင်ငံတွင် စက်ရုံများပိတ်ထားပြီး လမ်းများပေါ်မှာ ကားတွေ ရှင်းလင်းနေခြင်း၊ လေကြောင်းခရီးစဉ် များကို ဖျက်သိမ်းထားခြင်းတို့ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း လေထုအရည်အသွေး တိုးတက် ကောင်းမွန်လာခဲ့သည်။ ပိတ်ဆို့မှုလုပ်သည့် ပထမဆုံးရက်တွင် နယူးဒေလီမြို့ လေထုအတွင်း PM10 ပါဝင်မှု ၄၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ Ref:BBC(KNT)