နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံဝယ်လိုအား ပြန်တက်အောင် ရေနံထုတ်လုပ်မှု ၅ ပုံ၊ ၁ ပုံကျော် လျှော့ချရန် သဘောတူညီ

ဧပြီ ၁၀၊ ရီယာ့ဒ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း ပိတ်ဆို့မှုလုပ်ထားရချိန်တွင် ရေနံဝယ်လိုအားကျဆင်းနေခြင်းကို တန်ပြန်လှုပ်ရှားသည့်အနေဖြင့် OPEC အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများက ရေနံထုတ်လုပ်မှုကို ၅ ပုံ၊ ၁ ပုံကျော် လျှော့ချရန် သဘောတူညီခဲ့သည်။ ရေနံဈေးနှုန်း ပြန်တက်လာရန်အတွက် မေလနှင့် ဇွန်လအတွင်း တစ်ရက် ရေနံထုတ်လုပ်မှုကို ရေနံစည် ၁၀ သန်း လျှော့ချသွားမည်ဟု OPEC အဖွဲ့က ပြောသည်။ ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလအထိ တဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဟု ဆိုသည်။ OPEC အဖွဲ့ဝင်နိုင်ငံများနဲ့ ရုရှားနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံများက ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဗီဒီယိုအစည်းအဝေးမှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် မတ်လက ဆွေးနွေးပွဲတွင် ရုရှားနှင့် ဆော်ဒီနိုင်ငံကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ရာ ဆွေးနွေးပွဲအပြီးတွင် ရုရှားနှင့် ဆော်ဒီနိုင်ငံတို့က ဈေးကွက်ဝေစု အပြိုင်လုပြီး ရေနံထုတ်လုပ်မှုများ မြှင့်တင်ခဲ့ခြင်းကြောင့် ၁၈ နှစ်အတွင်း အနိမ့်ဆုံးပမာဏအထိ ရေနံဈေးနှုန်း ကျဆင်းခဲ့သည်။ ယခုအခါတွင် OPEC နှင့် မဟာမိတ်အဖွဲ့များက တစ်ရက်ကို ရေနံစည် ၁၀ သန်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးမှု၏ ၁၀ ရာခိုင်နှုန်း လျှော့ချပေးရန် သဘောတူညီခဲ့သည်။ အခြားနိုင်ငံများကလည်း ရေနံထုတ်လုပ်မှုကို ရေနံစည် ၅ သန်း လျှော့ချဖွယ်ရှိသည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ