နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကထက် မဲရုံအရေအတွက်တိုးချဲ့ကျင်းပပြုလုပ်သွားမည်

ကချင်၊ ဇူလိုင် ၁၈


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း၌ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ ခဲ့သည့် မဲရုံအရေအတွက်ထက် လက်ရှိအချိန်ထိကောက်ယူခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲရုံ (၇၆) ရုံ ထပ်မံ တိုးချဲ့လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

မဲရုံများ၏ လက်ရှိအနေအထားသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် (၇၆) ရုံ တိုးထားပြီးဖြစ် ကြောင်း ထပ်မံပြီးလက်ရှိအခြေအနေတွင် ပြုစုရရှိသော မဲဆန္ဒရှင်များ၏အနေအထားအရ အချို့မဲရုံများတွင် သတ်မှတ်ထားသော အရေအတွက်ထက် ကျော်လွန်များပြားလာသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် မဲရုံများမှ မဲဆန္ဒရှင်များ အဆင်ပြေပြေအချိန်မီ ပြီးစီးနိုင်ရန် မဲရုံအဖွဲ့များ ဆောင်ရွက်သည့်လုပ်ငန်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ မဲရုံတိုးချဲ့ရန်အတွက်သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်းလူဦးရေစာရင်းကောက်ယူ၍ မဲဆန္ဒရှင်အရေအတွက် စာရင်းပြုစုမှုအရ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ခန့်မှန်း ဆယ်သိန်းကိုးသောင်း ပတ်ဝန်းကျင်ရှိနေသည့် အတွက် ၂၀၁၅ ခုနှစ်ကထက် တစ်သိန်းနှစ်သောင်းကျော်တိုးလာသည်ဟု ခန့်မှန်းရကြောင်း မဲရုံအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် (၈၁၃) ရုံဖြင့် ကျင်းပခဲ့သော်လည်း လက်ရှိမဲဆန္ဒရှင် စာရင်းလျာထားမှုအရ မဲရုံပေါင်း (၈၈၉)ရုံအပြင် နောက်ထပ် ထပ်တိုးရန်လျာထားကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်အတွင်း လူဦးရေ စာရင်းကောက်ယူမှုကို ရပ်ကွက်ပေါင်း (၁၇၈) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၃၉၂) အုပ်စု စုစုပေါင်း (၅၇၀) တို့တွင် စာရင်းကောက်ယူနိုင်ခဲ့သဖြင့် ယခင် ၂၀၁၅ ခုနှစ်က ကောက်ယူနိုင်ခြင်းမရှိသည့် တချို့ကျေးရွာအုပ်စုများကို ယခုနှစ်တွင် လူဦးရေစာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။


ညီမြင့်






အခြားဆက်စပ်သတင်းများ