နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘော်ဒါဆောင်များ စာသင်ခြင်း သီးသန့်လုပ်ဆောင်မှသာ ဖွင့်ခွင့်ပြုမည်

ရန်ကုန်၊ ဇူလိုင် ၁၈


ဘော်ဒါဆောင်ကျောင်းများကို ကျောင်းအိပ်ကျောင်းစား မဖွင့်လှစ်ဘဲ သာမန်စာသင်ကျောင်းများအဖြစ် စာသင်ခြင်း တစ်ခုတည်းကို သီးသန့်လုပ်ဆောင်မှသာ ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယခု ပညာသင်နှစ်တွင် COVID - 19 (Coronavirus Disease 2019)  အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ ဘော်ဒါဆောင်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့် ဆန့်ကျင်ပြီး ဖွင့်လှစ်ခွင့်မရှိ ကြောင်း အခြေခံပညာဦးစီးဌာမှ တာဝန်ရှိသူက ပြောသည်။


ထို့ကြောင့် ဘော်ဒါဆောင်ပိုင်ရှင်များအနေဖြင့် မဖြစ်မနေဖွင့်လှစ်လိုပါက ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းအိပ် အဆောင်များမထားဘဲ စာသင်မှုသက်သက် လုပ်ဆောင်မှသာ  ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

 “ကိုဗစ် ကော်မတီက ထုတ်ထားတဲ့ ညွှန်ကြားချက်ဆိုရင် စည်ပင်ကခွင့်ပြုလည်း ဘယ်ကျောင်းမှ ဖွင့်မရ ပါဘူး။  အဲတော့ ဘော်ဒါဆောင်ရှိတဲ့ကျောင်းတွေက ဘော်ဒါမထားနဲ့။ ဘော်ဒါမပါရင် ဖွင့်ခွင့်ပေးထားပြီးသား ဖြစ်တယ်လို့ နဂိုတုန်းကလည်း ပြောထားပြီးသား။ အစိုးရကျောင်းလိုပေါ့။ ကျောင်းသား အဆောင်တွေမပါဘူး” ဟု ယင်းက ပြောသည်။


ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ  နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဘော်ဒါဆောင် ထားရှိ ဖွင့်လှစ်နေသည့် ပုဂ္ဂလိက အထက်တန်းကျောင်းဆောင်၊ ဘော်ဒါဆောင်များ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများကို လုံးဝဖွင့်လှစ်ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က အတိအလင်းကြေညာစာထုတ်ပြန်ထားသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ