နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ Server Co-Location ဝန်ဆောင်မှုများပေးမည်

နေပြည်တော်၊ ဇူလိုင် ၁၈


မြန်မာနိုင်ငံရှိ အစိုးရဌာနအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြုပေးနိုင်ရန်အတွက် Server Co - Location ဝန်ဆောင်မှုအား သက်သာသော ဝန်ဆောင်ခနှုန်းထားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေး လျက်ရှိကြောင်း၊ ဝန်ဆောင်မှုရယူလိုပါက Online မှ တစ်ဆင့်  လျှောက်ထားနိုင်ကြောင်း၊  Server Co-Location ဝန်ဆောင်မှုလျှောက်ထားရန် link နှင့် ဝန်ဆောင်မှုနှုန်းထားများအား Myanmar National Portal တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနသို့ Server Co-Location ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းမေးမြန်းရာe-Government ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများမှ Myanmar Governance Master Planတွင်ပါရှိသည့် လုပ်ငန်းစဉ် များအား အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ဆောင်သွားနိုင်ရန်၊ အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆိုက်ဘာလုံခြုံရေးစသည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ Online ပြည်သူ့ဝန်ဆောင်မှုများအား စွမ်းဆောင်ရည်မြင့်မားစွာ ဖြန့်ဖြူးပေးသွား နိုင်စေရန်ရည်ရွယ်၍ e-Government Data Center အား သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ e-Government  ဌာန၊ နေပြည်တော်တွင် တည်ဆောက်ခဲ့ပြီး Co-Location ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

အစိုးရဌာနအသီးသီး၏ e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြုပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့် သက်သာသောဝန်ဆောင်ခနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ရရှိနိုင်သော ဝန်ဆောင်မှုများမှာ Rack Rental (half rack, full rack, share rack)နှင့် Webhosting တို့ဖြစ်ပြီး Webhosting အား Disk Space Rental Serviceနှင့် Cloud Service ဟူ၍ ၂ ပိုင်းခွဲခြားပြီး မကြာမီ ကာလအတွင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Server Co-Location ဝန်ဆောင်မှုအတွက် လစဉ် ကောက်ခံသည့် နှုန်းထားများမှာ1 U အတွက် ၁၅,၀၀၀ ကျပ်၊  6 U  အတွက် ၉၀,၀၀၀ ကျပ်၊  21 U  အတွက်   ၃၀၀, ၀၀၀ ကျပ် နှင့် 42 U အသုံးပြုပါကလစဉ်ကြေး ၅၅၀,၀၀၀ ကျပ် အသီးသီးကျသင့်မည် ဖြစ်ပါသည်။ 


ဝန်ဆောင်မှုရယူလိုပါက Online အသုံးပြု၍ အင်တာနက်စာမျက်နှာ www.motc.gov.mmသို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း Data Center တွင် Fully Redundant Network, Electricity, Security (Firewall, CCTV, NVR, Access Control), Precision Cooling, Fire Fighting, Real-Time Monitoring စသည့် Facility များအား ၂၄ နာရီ ၇ ရက် (24/7) ဝန်ဆောင်မှုပေးအပ်လျက်ရှိပြီး အဆိုပါ Facilities များအား မျှဝေအသုံးပြုသွားခြင်းအားဖြင့်  အစိုးရဌာနများမှ Data Center များသီးခြားစီတည်ဆောက်အသုံးပြုခြင်းအားဖြင့် တွေ့ကြုံလာရမည့် ငွေကြေးနှင့် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်၊ စီမံခန့်ခွဲမှုစသည့် အခက်အခဲများအား ကျော်လွှားနိုင်မည့်အပြင် တစ်စုတစ်ဝေးတည်း စီမံခန့်ခွဲနိုင်ခြင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ အသုံးပြုမှုလျှော့ချ နိုင်ခြင်း၊ လုံခြုံမှုပိုမိုကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ညီမြင့်






အခြားဆက်စပ်သတင်းများ