နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်၊ အီတလီနိုင်ငံများရှိ COVID-19 ကူးစက်ခံရသူပမာဏထက် နယူးယော့ခ်ပြည်နယ်တွင် ကူးစက်ခံရသူ ပိုများနေ

ဧပြီ ၁၀၊ နယူးယော့ခ် နယူးယော့ခ်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပမာဏမှာ အမေရိကန်နိုင်ငံပြင်ပ အခြားနိုင်ငံများ တွင် ကူးစက်ခံရသူအရေအတွက်ထက် ပိုများနေကြောင်း ယခုနောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က နယူးယော့ခ်ပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၁၀၀၀၀ တွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၅၉၉၃၇ ဦး ရှိလာခဲ့ရာ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေတဲ့ စပိန်(ကူးစက်ခံရသူ ၁၅၃၀၀၀)၊ အီတလီ(ကူးစက်ခံရသူ ၁၄၃၀၀၀)ထက် ပိုများနေသည်။ COVID-19 စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၈၂၀၀၀ ရှိနေသည်။ အမေရိကန် နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၄၆၂၀၀၀ ရှိနေပြီး သေဆုံးသူ ၁၆၅၀၀ နီးပါး ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်ရှိပြီး လူ ၉၅၀၀၀ သေဆုံးခဲ့သည်။ နယူးယော့ခ်ပြည်နယ်တွင် COVID-19 ကြောင့် သေဆုံးသူ ၇၀၀၀ ရှိနေသည်။ အွန်လိုင်းပေါ်တွင် ထွက်ပေါ်နေသည့် ဓာတ်ပုံများအရ ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် အလုပ်သမားများက နယူးယော့ခ်မြို့ရှိ တွင်းကြီးတစ်ခုတွင် အခေါင်းများကို မြှုပ်နှံနေကြောင်း တွေ့ရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ