နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ်အတွင်း ခရိုင်အင်အားများစုပေါင်း၍ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်

ရန်ကုန်၊ ဇူလိုင် ၁၈


 အနောက်ပိုင်းခရိုင်၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံ ခရိုင်မှူး ဦးကျော်မင်းဦး အနီးကပ် ကြီးကြပ်လျှက် ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးအေး တို့ဦးဆောင်ကာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များမှ မြောင်းရှင်းလုပ်သား ၅၀ ဦးဖြင့် ဇူလိုင် ၁၈ ရက်၊ နံနက်က မဟာဗန္ဓုလလမ်း တောင်ဘက်ခြမ်း (ဆိပ်ကမ်းသာလမ်းမှ ဗိုလ်အောင်ကျော်လမ်းအထိ) ရေနုတ်မြောင်းများအား လူအင်အားဖြင့် ဆယ်ယူရှင်းလင်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုအားပေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး  မှာကြားစဉ်။                                                                                                                             

မောင်မောင်






အခြားဆက်စပ်သတင်းများ