နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့ အမှတ် (၃) ရပ်ကွက်ရှိ အ.မ.က (၁) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု ၉၃ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်၊ ဇူလိုင် ၁၈


 ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး အဆင်ပြေစေရန် ကျောင်းများအဆင့်တိုးမြှင့်ပေးခြင်း၊ စာသင်ဆောင်များ တိုးချဲ့ပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့တွင်လည်း အမှတ် (၃) ရပ်ကွက်၊ ကြိုက်ဟုန်းလမ်း နှင့် စည်သူလမ်းထောင့်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းဆောင်သစ်အား ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ပညာရေးဌာနခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၈ ရက် (တပေါင်းလပြည့်နေ့) က ပန္နက်တင်၍ သူခန့်အောင် ကုမ္ပဏီက တာဝန်ယူစတင်ဆောက်လုပ်ခဲ့ရာ ဇူလိုင် ၁၈ ရက်တွင် ၉၃ ရာခိုင်နှုန်းပြီးစီးနေပြီး ပတ်တီးရိုက် ဆေးသုတ်ခြင်း၊ အခန်းတွင်းပန်းရန်ဆရာများက အချောသတ်လုပ်ကိုင်ခြင်း၊ လျှပ်စစ်ကြိုးသွယ်တန်းခြင်း၊ မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်။

ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ