နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်များမှ ဝန်ထမ်းများ၊ အကျဉ်းသား/သူများအား “ဂုဏ်ပေါင်းဝေဆာမြတ်ရတနာ” သင်တန်းပို့ချချက်အား ဖွင့်လှစ်နာယူ

စစ်တွေ ဇူလိုင်  ၁၈


အကျဉ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲအကျဉ်းထောင်များမှ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ စိတ်နှလုံးအေးချမ်းသာယာစေရေး၊ ကြမ်းတမ်းသော စိတ်ဓာတ်များလျော့နည်းပပျောက်စေရေး၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ/ပါဠိစာလုံး များ၏ အဓိပ္ပါယ်များသိရှိစေရန်အတွက် ဓမ္မသင်တန်းဆရာမကြီး ဒေါ်ခင်လှတင်ပို့ချသော “ဂုဏ်ပေါင်း ဝေဆာမြတ်ရတနာ” သင်တန်းပို့ချချက်အား ဝန်ထမ်း၊ ဝန်ထမ်း မိသားစုဝင်များကို သင်ကြားနာယူစေခြင်း၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများအား ဇွန် ၂၃ ရက်မှစတင်၍ နေ့စဉ်နံနက် ထောင်ဖွင့်ချိန်နှင့် ညနေ ထောင်ပိတ်ချိန်များတွင် ဖွင့်လှစ်သင်ကြားနာယူစေလျက်ရှိပါကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ