နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များအား Online Exhibition အဖြစ်ပြသ

ရန်ကုန် ဇူလိုင် ၁၇


ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့တွင် အာဇာနည်နေ့အထူးပြပွဲများအဖြစ် နှစ်စဉ် ဇူလိုင်လ (၁၉၊၂၀၊၂၁) ရက်များတွင်ဖွင့်လှစ်ပြသခဲ့သော်လည်းယခုအခါ COVID-19 ရောဂါထိန်းချုပ်ရေးကာလဖြစ်သောကြောင့် (၇၃)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲများကို ပြသခြင်းမပြုတော့ဘဲ ပြတိုက်များကိုပိတ်ထားမည်ဖြစ်ကြောင်း၊ သို့ရာတွင် အများပြည်သူလေ့လာနိုင်ရန်အတွက် Online Exhibition အဖြစ်ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အတွက် https://www.nationalmuseumyangon.gov.mm နှင့် https://www.facebook.com/nationalmuseumyangon တို့တွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) အတွက် https://www.generalaungsanmuseum.com နှင့် https://www.facebook.com/National-Museum-Nay-Pyi-Taw-809739482451309 တို့တွင်လည်းကောင်း ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ထို့ပြင်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website- http://www.moculture.gov.mm, Facebook- MORAC-CultureNews၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန Facebook- Department of Archaeology and National Museum ၊ အမျိုးသားပြတိုက်(နေပြည်တော်)၏ Facebook- National Museum Nay Pyi Taw တို့တွင် ၁၆.၇.၂၀၂၀ ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်မှတ်တမ်းပြုစုရေးဆပ်ကော်မတီမှသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ