နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအစာနှင့်ဆေးဝါးများဘေးကင်းလုံခြုံစေရေး စစ်ဆေးကြပ်မတ်

ရန်ကုန် ဇူလိုင် ၁၇


ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့  (ပြည်သူ့ကျန်းမာရေး)မှ ဇူလိုင်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရှိ KFC ကြက်ကြော်ဆိုင်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေခေါင်းလောင်းမုန့်ဆိုင်တို့အား အစားအသောက်ဘေးကင်းလုံခြုံ သန့်ရှင်းမှုရှိစေရေးစစ်ဆေးခြင်း၊ ကျောက်တံတားမြို့နယ်ရှိဆေးဆိုင်များ၊ တာမွေမြို့နယ်ရှိလိုင်စင်သက်တမ်းတိုးရန်လျှောက်ထားသည့်ဆေးသိုလှောင်ရုံများအားစစ်ဆေးခြင်း၊ ဒလမြို့နယ် မှော်စက်ရပ်ကွက်၊ တာမွေမြို့နယ် ၉ ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်ရှိအထက်တန်းကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ အထက(၂)လမ်းမတော် တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ထားမှုများအားစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက်အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ