နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲခူးတိုင်းဒေသကြီးအတွင်း(၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် ထွက်ရှိလာမည့် မိုးစပါးသီးနှံများအား (၄၆)ပေါင်ကိုက်စပါးတင်းတစ်ရာလျှင် ငွေကျပ်ငါးသိန်းနှစ်သောင်း နှုန်းဖြင့်ဝယ်ယူပေးသွားမည်

 ပဲခူး ဇူလိုင်  ၁၇


စပါးစျေးကွက်များတွင် သင့်တင့်မျှတသောစျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ထွက်ရှိလာမည့် မိုးစပါးသီးနှံများအား (၄၆)ပေါင်ကိုက်စပါးတင်းတစ်ရာလျှင် ငွေကျပ်ငါးသိန်းနှစ်သောင်းနှုန်းဖြင့် ဝယ်ယူဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဇူလိုင်လ(၁၆)ရက်နေ့ သတင်းများအရသိရသည်။ ထိုသို့ ဝယ်ယူရာတွင်ဝယ်ယူမည့် စပါးများသည် အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိရမည်ဖြစ်ပြီး အဖျင်း၊ အမှော်၊ဖုံ၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများ ကိုက်ညီရမည်ဖြစ်သည်။ အဆိုပါ စပါးဝယ်ယူမှုကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင်အဝယ်ဒိုင်များဖွင့်လှစ်ကာ စပါးတင်း(၁၅)သိန်းခန့် ဝယ်ယူသွားမည်ဖြစ်သည်။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား  မြှင့်တင်နိုင်ရေးသည် ဆန်စပါးစျေးကွက်တည်ငြိမ်ခိုင်မာမှုရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အခြေခံစျေးနှုန်းများသတ်မှတ်ကာ ဆန်/စပါးများအား ဘဏ္ဍာနှစ်အလိုက်ဝယ် ယူဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ထိုသို့ဆန်စပါးများဝယ်ယူရာတွင် တင်ဒါအောင်မြင်သူများအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားထိခိုက်မှုမရှိစေဘဲ နိုင်ငံတော်မှ သတ်မှတ်ထားသော စျေးနှုန်း အတိုင်းဝယ်ယူသွားရန် လိုအပ်သကဲ့သို့ ဆန်/စပါးရောင်းချမည့် စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်းမိမိတို့၏ ဆန် /စပါးများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးကြရ မည်ဖြစ်သည်။ ထို့ကြောင့် (၄၆) ပေါင်ကိုက်စပါးတင်း (၁၀၀) ၏အခြေခံရည်ညွှန်းစျေးနှုန်းကို ငွေကျပ် ငွေ(၅၂၀,၀၀၀)ကျပ် သတ်မှတ်ဝယ်ယူနိုင်ရေးအတွက် ၂၀၂ဝ ပြည့်နှစ်ဇူလိုင် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ပဲခူးတိုင်းဒေသကြီးစပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ