ဇူလိုင် ၁၇
၂၀၀၈ ခုနှစ် နောက်ဆုံးဖလားရခဲ့တဲ့ စပါးအသင်းကို အပြောင်းအရွှေ့ကြီးကြီးမားမားလုပ်စရာမလိုဘဲ ဖလားတွေရယူပေးနိုင်တယ်လို့ မော်ရင်ဟိုက ကြွေးကြော်လာခဲ့ပြီး စပါးအသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ ပါတယ်။ မော်ရင်ဟိုက “ကလော့နဲ့ လီဗာပူးအတွက် ဖလားရဖို့ဘယ်လောက်အချိန်ယူခဲ့ရလဲ၊ လေးနှစ် လေးရာသီ၊ အကောင်းဆုံးဆိုတဲ့ ဂိုးသမားကိုဝယ်တယ်၊ နောက်ခံလူကိုဝယ်တယ်၊ နောက်ခံကစားသမားကောင်း တွေအများကြီးဝယ်တယ်။
ကျွန်တော်ကတော့ သုံးနှစ်စာချုပ်ပေါ်မှာအာရုံစိုက်ထားပါတယ်။ ဒီသုံးနှစ်အတွင်း ဖလားတွေရမယ်လို့လဲယုံကြည်ပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော်မတွေးဘူး။ ကလပ်အကြောင်းဘဲ တွေးနေခဲ့တာပါ။ ကျွန်တော်ကလပ်အတွက် ပိုကြည့်ပေးနေပါတယ်။ ကျွန်တော်အကောင်းဘဲ မြင်တတ်ပါ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လဲ တစ်ကစခဲ့တာပဲ၊ ကျွန်တော်တို့ လူစာရင်းထဲမှာ အပြောင်းအလဲလုပ်ရ မယ်လို့ယုံကြည်နေလို့ပါ။ အဲ့ဒီအတွက်တော့ ကျွန်တော်တို့ ရင်းနှီးမြှပ်နှံမှုအကြီးကြီးတွေမလိုအပ်ပါဘူး။ ဒီရာသီမှာလဲ မကောင်းတဲ့အပိုင်းတွေနဲ့ပဲ ပြည့်နေတာမဟုတ်ပါဘူး၊ ပြည့်နေတယ်လို့လဲ ကျွန်တော် မယုံကြည်သေးပါဘူး၊ အလုပ်စကတည်းက လုပ်ပြီးခဲ့တာတွေကို လက်တွေ့ကျကျကြည့်ရင် စပါးဟာ ပြောင်းလဲသွားမယ်ဆိုတာကို ယုံကြည်နိုင်လောက်တဲ့အကြောင်းပြချက်တွေလည်း အများကြီးရှိနေပါ တယ်”လို့ ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုပြောခဲ့သလို စပါးအသင်းဟာ လာမယ့်ရာသီမှာ အပြောင်းအလဲ လုပ်စရာမလိုဘဲ ဖလားတစ်လုံးရယူနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။ မော်ရင်ဟိုက အရင်အသင်းတွေတုန်းကလည်း ဒုတိယရာသီမှာ ဖလားယူပြတတ်တဲ့နည်းပြတစ်ဦးဖြစ်တာကြောင့် သူ့အပြောနဲ့သူအလုပ်ကိုတော့ စောင့်ကြည့် ရမှာပါ။
(SO)