နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးသူတောင်သူများနှင့် ဝယ်ယူစားသုံးသူများအဆင်ပြေစေရေးအတွက် သမဝါယမအသင်းများမှ ကြက်သွန်နီများဝယ်ယူဖြန့်ဖြူးရောင်းချပေး

 ဆိပ်ဖြူ ဇူလိုင် ၁၇


  စိုက်ပျိုးသူတောင်သူများနှင့်ဝယ်ယူစားသုံးသူများ အဆင်ပြေစေရေးအတွက် သမဝါယမအသင်း များမှ ကြက်သွန်နီများဝယ်ယူ ဖြန့်ဖြူးရာင်းချပေးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၏ ဇူလိုင် ၁၆ ရက် ထုတ်ပြန်သတင်းများအရသိရသည်။ လက်ရှိ ဖြစ်ပေါ်ခံစားနေရသည့်ကိုဗစ်-၁၉ဖြစ်စဉ်ကာလများအတွင်းတွင် စိုက်ပျိုးသူတောင်သူများ၏ စိုက်ပျိုးရေး ထွက်ကုန်များအား အဆင်ပြေစွာ ရောင်းချပေးနိုင်ရေးနှင့် စားသုံးသူပြည်သူများအနေနှင့်လည်း စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် အဆင်ပြေစွာဝယ်ယူစားသုံးနိုင်ရေးအတွက်သမဝါယမ အသင်းများမှ တိုင်းဒေသကြီးများအတွင်းရှိ ဒေသထွက်ကုန်များကိုဝယ်ယူကာ အခြားလိုအပ်မှုရှိနေသော တိုင်းဒေသကြီးများသို့ စျေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချဆောင်ရွက်ပေးလျက်ရှိသည်။ 


အဆိုပါဆောင်ရွက်ပေးနေမှုများအရမကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများကို ကိုဗစ်-၁၉ကာလအတွင်း ဈေးကွက်ရရှိစေရန်နှင့်ကုန်စည် စီးဆင်းမှုမှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းသားများ   ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် ချိတ်ဆက်၍ကြက်သွန်နီ ပိဿာချိန် ၆၀၀၀ ဝယ်ယူဆောင်ရွက်ခဲ့သည်။ အဆိုပါ ဝယ်ယူခဲ့သည့် ကြက်သွန်နီများအား ၂၀၂ဝ ပြည့်နှစ် ဇူလိုင် ၁၆ ရက်တွင် တစ်ပိဿာလျှင်ငွေကျပ်(၅၄၅)နှုန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် ပြည်သူများဝယ်ယူစားသုံးနိုင်ရန် အမြတ်အစွန်းမယူဘဲပြန်လည်ရောင်းချ ပေးခဲ့ကြောင်းသိရသည်။


ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ