ဇူလိုင် ၁၇
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုအားကောင်းနေဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့မှုအားကောင်းနေသေးရင် အမေရိကန်ဘတ်စကတ်ဘောရာသီကို ပိတ်သိမ်းရလိမ့် မယ်လို့ ကော်မရှင်နာမင်းကြီး အဒမ်ဆေးဗားက သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန် ဘတ်စကတ်ဘော ပြိုင်ပွဲကို COVID-19 ကပ်ရောဂါကြောင့် မတ် ၁၁ ရက်နေ့မှစ၍ နားထားခဲ့ရပါတယ်။ လက်ရှိမှာတော့ အမေရိကန်ဘတ်စကတ်ဘောပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ စီစဉ်ထားကြပါတယ်။
ဘတ်စကတ်ဘောပွဲများကို ဖလော်ရီတာပြည်နယ်၊ အော်လန်ဒိုမြို့မှာရှိတဲ့ ဒစ္စနေးအပန်းဖြေရိပ်သာတွင် ပြန်လည်ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ရောဂါအန္တရာယ်ကြောင့် စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲဝင်မယ့် ကစားသမား ၃၅၁ ဦးကို ဇွန်လ ၂၃ ရက်မှစတင်ကာ ဆေးစစ်မှုများပြုလုပ်ခဲ့ ရာမှာတော့ ကစားသမား ၂၅ ဦးမှာ ရောဂါကူးစက်ခံစားထားရကြောင်း တွေ့ရှိနေရပါတယ်။
“တကယ်လို့သာ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးနဲ့ပြိုင်ပွဲနေရာတွေမှာ ရောဂါပိုးကူးစက်ပျံ့နှံ့နေတဲ့ အနေအထားတွေရှိနေမယ်ဆိုရင် ဘတ်စကတ်ဘောပြိုင်ပွဲတွေကို ဒုတိယအကြိမ်အဖြစ် ထပ်မံပိတ်သိမ်းရမှာ ဖြစ်ပါတယ်။ ကစားသမားတစ်ဦးဦးသာ ရောဂါပိုးကူးစက်နေမယ်ဆိုရင် စိုးရိမ်စရာလဲဖြစ်လာမှာပါ။ ကျွန်တော် တို့ လုံခြုံရေးအစီအစဉ်တွေမှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ရှိနေလို့ဖြစ်မှာပါ” လို့ ကော်မရှင်နာမင်းကြီး အဒမ်ဆေးဗားက ပြောဆိုလိုက်ပါတယ်။
(SO)