နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရူနိုဖာနန်ဒက်စ် တစ်လတာအကောင်းဆုံးကစားသမားဆု ၂ လဆက်တိုက် ဆွတ်ခူး

ဇူလိုင်   ၁၇


ဘရူနိုဖာနန်ဒက်စ်ဟာ ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဘရူနီဖာနန်ဒက်စ်ဟာ အသင်းမှာခြေစွမ်းပြနိုင်ခဲ့ပြီး မတ်လအတွက် အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ အဲဒီနောက် COVID-19 ကြောင့် ဘောလုံးပြိုင်ပွဲများရပ်နားခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ခဲ့တဲ့ ဇွန်လအတွက် အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန် ဒက်စ်ပဲရရှိခဲ့တာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ အကောင်းဆုံးအားကစားသမားဆုကို ၂ လဆက်တိုက်ရရှိ  (၂ ကြိမ်ဆက်)တဲ့ကစားသမားထဲမှာ ၇ ယောက်မြောက်ကစားသမားဖြစ်လာပါတယ်။ မိုဟာမက်ဆာလာ၊ ဂျေမီဗာဒီ၊ ဟယ်ရီကိန်း၊ ဒင်းနစ်ဘားကမ့်၊ ရော်ဘီဖောင်လာတို့ရဲ့ခြေရာကို နင်းနိုင်ခဲ့ပါတယ်။


ဘရူဖာနန်ဒက်စ်ဟာ  မတ်လနဲ့  ဇွန်လအတွင်း  ၅  ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၁  ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းသို့ပြောင်းရွှေ့ရောက်ရှိချိန် တိုတောင်းပေမဲ့ အသင်းနဲ့ အံဝင်ဂွင်ကျပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂ လဆက်တိုက် တစ်လတာအကောင်းဆုံးအားကစားသမားဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇွန်လအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကိုတော့ ဝုဒ်အသင်းနည်းပြ နူနို အက်စ်ပီရီတိုဆန်တို ရရှိသွားခဲ့ပါတယ်။ ဝုဒ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့ပါတယ်။                                                                                                                        


(SO)






အခြားဆက်စပ်သတင်းများ