နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သကြားလွတ်ပီကေဝါးခြင်းက ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်​

ဇူလိုင်  ၁၇


ဗြိတိန်နိုင်ငံမှလေ့လာသူများ၏ ပြောကြားချက်အရ သကြားလွတ် ပီကေဝါးခြင်းမှာခံတွင်းကျန်းမာရေး ကို ကောင်းမွန်စေပြီး ခံတွင်းပိုင်းဆိုင်ရာကုသမှုများပြုလုပ်ရသည့်ကုန်ကျစရိတ်များကိုလည်း သက်သာစေ မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၂ နှစ်အရွယ်ကလေးအတော်များများမှာ   ယင်းတို့အစာစားပြီးတိုင်း  သကြားလွတ်ပီကေ  တစ်ခုဝါးခြင်းဖြင့်ခံတွင်းကြောင့်ဖြစ်သည့်ရောဂါများကိုကာကွယ်ပေးနိုင်သည်။ ပီကေဝါးရာမှ ခံတွင်းထဲရှိ တံတွေးပိုထွက်ပြီး အညစ်အကြေးများတင်ကျန်နေခြင်းကို  သန့်ရှင်းပေးနိုင်ခြင်းမှာ ခံတွင်းကိုကျန်းမာစေနိုင် သည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။


ထို့အပြင်အဆိုပါတံတွေးများမှာ အစာခြေစနစ်ကိုလည်းအားပေးပြီး တခြားကျန်းမာရေးကောင်းကျိုး များကိုလည်းရရှိနိုင်သည်။

ဗြိတိန်ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရယခုကဲ့သို့ ပီကေဝါးခြင်းမှာခံတွင်းကို ကုသရသည့်ကုန်ကျ စရိတ်ကိုလည်း လျှော့ချပေးနိုင်ကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ