နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Sports Book of the Year Award ဆုကို တိုင်ဆန်ဖြူရီ၏ စာအုပ်ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၇


ယခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဆု Sports Book of the Year Award ဆုကို WBC ဟဲဗီးဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမား တိုင်ဆန်ဖြူရီ၏ စာအုပ်က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

‘Behind The Mask’ ဟု အမည်ပေးထားသည့် တိုင်ဆန်ဖြူရီ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်သည် စာဖတ်သူ များအကြား ရေပန်းစားနေပြီး ယင်းစာအုပ်အတွင်း ထည့်သွင်းရေးသားထားသည့် အချက်အလက်များမှာလည်း လူသားများအတွက် အကျိုးပြုသည့်အကြောင်းအရာများဖြစ်သည့်အတွက် Sports Book of the Year Award ဆုအတွက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။


ယင်းစာအုပ်၏ အကြောင်းအရာများသည် ဘဝ၏အခက်အခဲများကို ကျော်ဖြတ်ခြင်း၊ ဘဝခွန်အားရစေခြင်း၊ ရှုံးနိမ့်နေစဉ် စိတ်ဓာတ်မကျဘဲ အကောင်းဆုံးကြိုးစားရန် စိတ်ဓာတ်ခွန်အားဖြစ်စေသည့်အတွက် မဖြစ်မနေ ဖတ်သင့်သည့် စာအုပ်အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

တိုင်ဆန်ဖြူရီက “အခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဆုကို ဆွတ်ခူး နိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူပါတယ်။ အားကစားလောကရဲ့ ဂန္ထဝင်ကြီးတွေနဲ့အတူ ဒီလိုဆုမျိုးကို ဆွတ်ခူးရရှိခဲ့ လို့ ပိုပြီး ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်စာအုပ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။                                                                                    (


သူရိန်)






အခြားဆက်စပ်သတင်းများ