နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပလင်း ကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၃၅)ကြိမ်ကျော်ထိရှိလာ

  ညောင်ဦး     ဇူလိုင်    ၁၇


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာ အနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့်ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ ရက်မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက Online မှ တစ်ဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်းဆင်စာဘူဖေးကျွေးသူများပြားလာကာ(၃၅)ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွေးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးရန် Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။


မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားပြီး ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာ အဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိက ကျွေးကြကာရာသီပေါ်သီးနှံများကို ကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိလှူဒါန်းကြပြီး တစ်နေ့စာဆင်ခုနစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ဖုံးဖြင့် ဖြစ်စေ၊ ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာဦးမျိုးမင်းကို ဖုန်း(၀၉ -၄၂၉၂၉၃၂၄၈) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု(၃၅)ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများတွင် ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျက်ရှိရာ တောတောင်၊ ရေမြေ သဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်း သိရသည်။


ကိုထိန်(KPD)






အခြားဆက်စပ်သတင်းများ