နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာယီပျံကျဈေး(ဘောလုံးကွင်း)တွင် ရောင်းချနေသော အသားငါးနှင့် ကုန်စိမ်းဈေးသည်များကို မြို့မဈေးကြီးအတွင်း ပြန်လည်စတင်ရောင်းချခွင့်ပြု

မင်းဘူး   ဇူလိုင်    ၁၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် Covid-19 ကာလအတွင်းယာယီပျံကျဈေး(ဘောလုံး ကွင်း) တွင် ရောင်းချနေသောအသားငါးနှင့် ကုန်စိမ်းဈေးသည်များကို ဇူလိုင် ၁၇ ရက်၊ နံနက် ၆ နာရီအချိန်မှစ၍မြို့မဈေးကြီးအတွင်းပြန်လည်စတင်ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။


“Covid-19 ကာလမှာ ပျံကျဈေးသည်တွေအနေနဲ့ခရိုင်ဘောလုံးကွင်းထဲမှာယာယီရောင်းချခဲ့ပြီး အခုဆို  မြို့မဈေးကြီးထဲကိုပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်၊ ဈေးကြီးပြုပြင်ခွင့်ရဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုငွေနဲ့ဆောင်ရွက်ပေးခဲ့တာပါ၊ အခုလိုပြန်လည်ရောင်းချနိုင်ဖို့အတွက် ဆိုင်ခန်းနေရာချထားနိုင်ရေးကို ဌာနဆိုင်ရာအဖွဲ့တွေ၊ ဈေးကော်မတီဝင်တွေ၊ စည်ပင်သာယာ(ဈေး)အဖွဲ့တွေ၊ ဈေးသူ/ဈေးသားတွေနဲ့  ဈေးဓမ္မာရုံမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ဆိုင်ခန်းနေရာတွေကို မဲစနစ်နဲ့ဆောင်ရွက်ပေးခဲ့ပါတယ်၊ အဆောက် အဦးနဲ့ ဈေးကြီးပတ်လည် ပြုပြင်တဲ့ကုန်ကျစရိတ်ကတော့ သိန်း ၇၀၀ ကျော်ကုန်ကျခဲ့ပါတယ်”ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။


“မြို့မဈေးကြီးအတွင်းအသားရုံကြီး ၂ ရုံထဲမှာ အမဲသားသည် ၁၃ ဦး၊ ဝက်သားသည် ၄ ဦးနဲ့ ဆိတ်သားသည် ၅ ဦးတို့ကို ရောင်းချခွင့်ပြုပေးထားပါတယ်။  နောက်ပြီးငါးသည်များအတွက် ၅၅ ခန်း၊ ကြက်သားသည်များအတွက် ၆၅ ခန်း၊ စားသောက်ဆိုင် ၁၂ ခန်း၊ ကုန်ခြောက်ဆိုင် ၄၀  ခန်းနဲ့ ဈေးရုံတွင်း ပျံကျကုန်စိမ်းသည်အတွက်ဆိုင်နေရာ ၅၀ တို့ကိုလည်း မဲစနစ်နဲ့စီစဉ်ဆောင်ရွက်ပေးပြီးတော့ ဇူလိုင် ၁၇ ရက်မှစပြီး စတင်ရောင်းချခွင့်ပြုခဲ့ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး (ဈေး) ဒေါ်စိုးစိုးသန်းက ပြောသည်။


အဆိုပါ ဈေးသည်များကို ဧပြီ ၁၃ ရက်မှစပြီး ယာယီပျံကျဈေး (ဘောလုံးကွင်း)တွင် ပြောင်းရွှေ့ရောင်းချခွင့်ပြုခဲ့ပြီး ယခုအခါ မြို့မဈေးကြီးအတွင်းဆိုင်ခန်းနေရာများအသစ်ပြန်လည်တည်ဆောက်ပြီးစီး၍ ပြန်လည် စတင်ရောင်းချခွင့်ပြုခဲ့ကြောင်း၊ စည်းကမ်းတကျဈေးရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                                                                                             


မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ