နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒူးရင်းသီးအကြောင်း သိကောင်းစရာ

ဇူလိုင်     ၁၇


ဒူးရင်းသီးသည် မြန်မာပြည်တောင်ဘက်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသောအသီးတစ်မျိုးဖြစ်သည်။ ပင်စည် မှာ ကြီးမားလှပြီးအမြင့်မှာလည်းမြင့်မားလှသည်။ ဒူးရင်းပင်သည် ကျောက်စရစ်မြေနီကိုပိုမိုကြိုက်နှစ်သက် သည့်သဘောရှိသည်။ အရွက်တွင်လည်းအရောင်နှစ်မျိုးပါရှိသည်။ ကျောဘက်တွင် ရွှေအိုရောင်ရှိပြီး၊ တဖက်တွင် အစိမ်းရည်နုနုပင်ဖြစ်သည်။ မှည့်လျှင် ပင်မြင့်ပေါ်မှ အလိုအလျောက် ပြုတ်ကျလာသည်။ ပင်မြင့်မှ ပြုတ်ကျလာသော်လည်းမပျက်မစီးဘဲပင်ကိုယ်အတိုင်းပင် တည်ရှိလျက်ရှိသည်။ 


ဒူးရင်းသီးတစ်လုံးသည်ပုံမှန်အားဖြင့် အလျား ၃၀ စင်တီမီတာ (၁၂ လက္မ) အချင်း ၁၅ စင်တီမီတာ (၆ လက္မ)ထိကြီးထွားနိုင်ပြီး၊ တစ်လုံး၏ ပျမ်းမျှအလေးချိန်မှာ ၃ ကီလိုဂရမ် (၂-၇ ပေါင်)ထိရှိသည်။ အနံ့လွန်စွာမွှေးကြိုင် လျက်ရှိသည်။ အရသာမှာချိုမြကာအခါးဘက်သို့သက်နေတတ်သည်။ အခါးဘက်သို့ သက်နေသောအရသာမှာကားအလွန်ပင်ကောင်းသည်ဟုသတ်မှတ်ထားကြသည်။ 

အချို့ဒူးရင်းသီးမှာအစေ့ကြီးသော်လည်းအချို့မှာအစေ့သည်လွန်စွာသေးငယ်၍ အစေ့ပါရုံသာ ရှိသည်။ အချို့အသီးတွင် ငါးမြှောင့်၊ အချို့အသီးတွင် လေးမြှောင့်၊ အချို့တွင်သုံးမြှောင့် စသည်ဖြင့်လည်း ကွဲပြားတတ်သေးသည်။ ဒူးရင်းသီးကိုအဆမတန်စားသုံးလျှင် အပူကန်တတ်သည်။ ထိုသို့အပူမကန်စေရန် မင်းကွတ်သီးစားပေးရသည်။ နာနတ်သီးကိုလည်းစားခြင်းဖြင့် အပူကန်ခြင်းကိုကာကွယ်နိုင်သည်။ 


အစာအိမ်မကောင်းသူများ၊ အသည်းရောဂါ သွေးတိုးရောဂါ ရှိသူများဒူးရင်းသီးစားရန် မသင့်တော်ပေ။ အစာကြေရန် ခက်ခဲခြင်း၊ ဝမ်းတွင်းအပူရှိန် မြင့်တက်စေခြင်းဖြစ်တတ်သည်။ ဒူးရင်းသီးအစေ့ကိုပြုတ်စားလျှင် သန်ကျစေနိုင်သည်။


(WP)






အခြားဆက်စပ်သတင်းများ