နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျဉ်းဦးစီးဌာန၊ လွိုင်ကော်အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများရှိ အကျဉ်းသား၊ အကျဉ်းသူများအား “ဂုဏ်ပေါင်းဝေဆာမြတ်ရတနာ” သင်တန်း သင်ကြားပို့ချချက်အား နေ့စဉ်သင်ကြားနာယူ

နေပြည်တော် ဇူလိုင်  ၁၇


အကျဉ်းဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ စိတ်နှလုံးအေးချမ်းသာယာစေရေး၊ ကြမ်းတမ်းသောစိတ်ဓာတ်များလျော့နည်းပပျောက်စေရေး၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ/ ပါဠိစာလုံးများ၏ အဓိပ္ပါယ်များသိရှိစေရန်အတွက် ဓမ္မသင်တန်းဆရာမကြီး ဒေါ်ခင်လှတင် ပို့ချသော “ဂုဏ်ပေါင်းဝေဆာမြတ်ရတနာ” သင်တန်းပို့ချချက်အား ဝန်ထမ်း၊ ဝန်ထမ်းမိသားစုဝင်များကို သင်ကြားနာယူစေခြင်း၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများအား နေ့စဉ် နေ့လယ်စာ စားပြီးချိန်နှင့် ညစာစားပြီးချိန်များတွင် ဖွင့်လှစ်သင်ကြားနာယူ စေလျက်ရှိပါကြောင်းသိရသည်။ 


အလားတူ အကျဉ်းဦးစီးဌာန၊ ကုန်ထုတ်လုပ်ငန်းဌာန ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ထုံးဘို(၂)/(အမျိုးသမီး)ကုန်ထုတ်စခန်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘဲလင်း(၁) ကုန်ထုတ်စခန်း၊ သာစည်မြို့နယ်အတွင်းရှိ ဘုရားငါးဆူကုန်ထုတ်စခန်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ တောင်ငူ(၄)မိုင်ကုန်ထုတ်စခန်းတို့တွင် အကျဉ်းသား/သူများ၏ စိတ်နှလုံး အေးချမ်းသာယာစေရေး၊ ကြမ်းတမ်းသော စိတ်ဓာတ်များလျော့နည်းပပျောက်စေရေး၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ/ ပါဠိစာလုံးများ၏ အဓိပ္ပါယ်များ သိရှိစေရန်အတွက် ဓမ္မသင်တန်း ဆရာမကြီး ဒေါ်ခင်လှတင် ပို့ချသော “ဂုဏ်ပေါင်းဝေဆာမြတ်ရတနာ” သင်တန်းပို့ချချက်အား ဝန်ထမ်း၊ ဝန်ထမ်းမိသားစုဝင်များကို သင်ကြားနာယူစေခြင်း၊ အကျဉ်းသား/သူများအား နေ့စဉ်ဖွင့်လှစ်သင်ကြားနာယူစေလျက်ရှိပါကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ