နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သနပ်ဖက်ပေါ်ချိန်တွင် ဈေးကောင်းရရန် စိုက်ပျိုးရောင်းချသူများ မျှော်လင့်​

ဇူလိုင်  ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နှင့် အနီးတစ်ဝိုက်ရှိဒေသခံပြည်သူ များသည် သနပ်ဖက်ကိုအဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သနပ်ဖက်ပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။


သနပ်ဖက်ကိုဆေးပေါ့လိပ်တွင် အများဆုံးအသုံးပြုပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အများဆုံး စိုက်ပျိုးကြသည်။


''သနပ်ဖက်ကိုစိုက်ပျိုးလာတာဆယ်နှစ်ရှိပြီ။ သနပ်ဖက်ကိုတစ်ဧကခွဲလောက် စိုက်ထား တယ်။  သနပ်ဖက်တစ်ရွက်ရဖို့ တော်တော်ပြုစုရတယ်။ ပိုးတွေကလည်းတအားကျတော့ ပိုးသတ်ဆေး တွေဖျန်းပေးရတယ်။  အညွန့်တွေဆက်တက်နိုင်အောင်ပေါ့။   အရွက်ခူးဖို့ နှစ်လစောင့်ရတယ်။ တချို့ကနှစ်လခွဲလောက်စောင့်ရတယ်။ အရင်နှစ်ကသနပ်ဖက် အထွက်ကောင်းပြန်တော့ဈေးကကျတယ်။ တစ်ပိဿာကို ၅ဝဝဝ လောက်နဲ့ပဲရောင်းရတယ်။ သနပ်ဖက်အရွက် အကြီး၊အသေးဈေးလည်းမတူဘူး။ အသေးဆိုအဲ့ထက် ဈေးနည်းတယ်။ ဒီနှစ်မှာသနပ်ဖက်ဈေးကောင်းပြန်ရဖို့  မျှော်လင့်နေရပါတယ်''ဟုသနပ်ဖက်စိုက်ပျိုးသူတစ်ဦးကပြောသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ