နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် ဆောင်ရွက်

ကျိုင်းတုံဇူလိုင်၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များက စိတ်ဝင်စားသည့်တောင်ပေါ် ဒေသနေ လူနည်းစုတိုင်းရင်းသားလူမျိုးများရှိနေခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု  အဆောက်အဦ လက်ရာများရှိခြင်း၊ ရှမ်းရိုးရာဓလေ့အတိုင်း ထိန်းသိမ်း ဆောက်လုပ်ထားသည့် လူမျိုးစုအိမ်များရှိနေခြင်းနှင့် အခြားစိတ်ဝင်စား စရာနေရာများလည်းရှိကြောင်းသိရသည်။


 ယခုအခါ ကျိုင်းတုံမြို့တွင် လျှပ်စစ်မီး ၂၄ နာရီရရှိခြင်း၊ မြို့နယ်များသို့ သွားလာရာတွင်  ယခင်ကထက် လမ်းခရီးလွယ်ကူကောင်းမွန်လာသည့်အတွက် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်နှင့် ရှိပြီးသား ခရီးစဉ်ဒေသကို ရေရှည်တည်တံ့အောင်လုပ်ဆောင်ရန်၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ရန်၊ ခရီးစဉ်ဒေသများကို ပြည်တွင်း၊ ပြည်ပဧည့်သည်များ ပိုမိုလာရောက်အောင် ဈေးကွက်ရှာဖွေရန်စသည့်ရည် ရွယ်ချက်များဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကျိုင်းတုံခရိုင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟိုတယ်အသင်းတာဝန်ရှိသူများ၊ မြိုမိမြို့ဖများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


  ကျိုင်းတုံမြို့မှာ ခရီးသွားဧည့်သည်များကို ပိုမိုစွဲဆောင်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာလှပရေး  ပြုပြင်ပြောင်းလဲမှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာနှင့် ဖာရံနွဲ့ကျေးရွာ နှစ်ရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်သွားရန် လျာထားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစန်းလှိုင်ထံမှ  သိရသည်။

 COVID-19 ကာလအတွင်း ဟိုတယ်နှင့်တည်းခိုခန်းများကို  ယာယီပိတ်ထားခဲ့ရာမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြန်ဖွင့်လှစ်နိုင်ရန်တင်ပြလာသည့် ဟိုတယ်နှင့် တည်းခိုခန်း များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း ဇွန်လ ၁၈ ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံရုံး)၏ အသိအမှတ်ပြု ဟိုတယ် ၁၁ လုံးနှင့်တည်းခိုခန်း ၅ လုံး ပြန် လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ