နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်နှစ်နေရာနဲ့ မန်ယူ

ဇူလိုင်   ၁၆


ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးပြိုင်ဆိုင်မှုက လက်ကျန်နှစ်ပွဲကျန်တဲ့အချိန်ထိတောင် ပြိုင်ဆိုင်မှုက ပြင်းထန်နေတုန်းပါပဲ၊ ယခု မန်စီးတီးက ချန်ပီယံလိဂ်အယူခံအောင်မြင်ခဲ့တာကြောင့် အဆင့် ငါးအသင်းအတွက် မျှော်လင့်ချက်မဲ့သလိုဖြစ်နေပါပြီ။ ဒါကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သွေးအေးနေလို့မရတော့ပါဘူး။  ပြိုင်ဘက် လက်စတာနဲ့က နောက်ဆုံးပွဲကစားရမှာပါ။ လက်စတာနဲ့ ပွဲမတိုင်ခင်ကတော့ ခရစ္စတယ်ပဲလေ့အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ ယူနိုက်တက်တို့ ဆောက်သမ်တန်နဲ့ တွေ့ဆုံစဉ်က နိုင်ပွဲဆက်နေမှုတွေ ရပ်တန့်သွားခဲ့ရပါတယ်။ 

ဒါပေမဲ့ အဲဒီပွဲမှာ ယူနိုက်တက်တို့ ပုံစံကောင်းပြသနေဆဲပါ။  ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့အတွဲက ပုံစံကောင်းပြ လျက်ပါဘဲ၊ ရက်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်ရဲ့တိုက်စစ်ကလည်း အားရစရာကောင်းတဲ့ပုံစံကို ပြသနေဆဲပါပဲ၊ ပဲလေ့ရဲ့စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ ငါးပွဲဆက်တိုက်လည်း ရှုံးထားပါတယ်။ ပဲလေ့တို့ကအမှတ်လိုအပ်ချက်မရှိတော့ပေမယ့် ယူနိုက်တက်တို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လုံးဝ အမှားခံလို့မရဘဲ မဖြစ်မနေအနိုင်ကစားရမယ့်ပွဲပဲဖြစ်ပါတယ်။ နောက်ပွဲတစ်ခုက ချယ်ဆီးလ်နဲ့ အက်ဖ်အေပွဲ ကျပ်ဆင်နွှဲရဦးမှာပါ။ ဒါပေမဲ့ ပဲလေ့နဲ့ပွဲက ယူနိုက်တက်တို့အတွက် ပိုအရေးကြီးနေပါတယ်။                                                   

(SO)






အခြားဆက်စပ်သတင်းများ