နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ရှိ ဝင်ဘယ်ဒန် ချန်ပီယံ ဆီမိုနာဟာလက် ယူအက်စ်အိုးပင်းပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေ

ဇူလိုင်   ၁၆


ယခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အနည်းငယ်စိုးရိမ်စိတ်တွေဖြစ်မိတယ်လို့  လက်ရှိ ဝင်ဘယ်ဒန်ချန်ပီယံ ဆီမိုနာဟာလက် ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ယခုနှစ်တွင်ကျင်းပရမယ့် ဝင်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲကို COVID-19 ကပ်ရောဂါကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။ သို့ရာတွင် ယူအက်စ်အိုးပင်း ပြိုင်ပွဲကိုမူ နယူးယောက်မြို့တွင် ဩဂုတ်လ ၃၁ ရက်မှာ ပရိသတ်မပါဝင်ဘဲ ကွင်းတံခါးပိတ်ကျင်းပသွားမှာ ဖြစ်ပါတယ်။


COVID-19 ကြောင့် အားကစားလှုပ်ရှားမှုများရပ်တန့်ခဲ့ပြီးနောက် ပထမဆုံးပြန်လည်ကျင်းပမဲ့ ဂရင်းစလင်းပြိုင်ပွဲဖြစ်လာပေမည်။ COVID-19 ရောဂါပြန့်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြဖို့ တင်းနစ်သမားအချို့ စိုးရိမ်ပူပန်မှုများရှိနေခဲ့ပါတယ်။              “ဒီပြိုင်ပွဲကခက်ခဲမှုတွေရှိလာနိုင်ပါတယ်။ ကပ်ရောဂါအတွက် ထိန်းချုပ်ကန့်သတ်ရေးအစီအစဉ်တွေအပေါ်  မူတည်ပါတယ်။ ကျွန်မကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အနည်းငယ်စိုးရိမ်ပြီး စိတ်လှုပ်ရှားမှုတွေရှိနေ ပါတယ်။ ယခုအချိန်မှာ ကျွန်မ ဘာပြောရမှန်းတောင်မသိပါဘူး၊ ပြန်ကစားဖို့တော့ စိတ်ထက်သန်ပါတယ်” လို့ ဆီမိုနာဟာလက်က ဖွင့်ဟခဲ့ပါတယ်။                                                                                             

 (SO)






အခြားဆက်စပ်သတင်းများ