နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပထမဆုံး ပီဂျီအေတိုးပြိုင်ပွဲနာမည်ကျော် ဂေါက်သီးသမား တိုက်ဂါးဝုဒ် ယှဉ်ပြိုင်မည်

ဇူလိုင်   ၁၆


  အဓိက ချန်ပီယံဆုများကို (၁၅)ကြိမ်အထိရယူထားနိုင်ခဲ့သော အမေရိကန်ဂန္ထဝင် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်တစ်ယောက်လာမဲ့သီတင်းပတ်တွင်ကျင်းပဖြစ်တဲ့ အမှတ်တရဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒီပွဲဟာ တိုက်ဂါးဝုဒ်အတွက် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံး ပီဂျီအေတိုးပြိုင်ပွဲဖြစ်လာလိမ့်မယ်လို့ သိရှိရပါတယ်။


တိုက်ဂါးဝုဒ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အားကစားလှုပ်ရှားမှုများ ရပ်တန့်မသွားမီမတ်လက ကျင်းပခဲ့တဲ့ ကစားသမားများ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နောက်ကျောဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲများကို ပရိသတ် မပါဘဲကျင်းပခွင့်ပြုနေပါတယ်။ တိုက်ဂါးဝုဒ်ဟာ အိုဟိုင်းအိုးပြည်နယ်တွင် ဇူလိုင် ၁၆ ရက်မှ ၁၉ ရက်နေ့ အထိကျင်းပမဲ့အမှတ်တရဂေါက်သီးရိုက်ပြိင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါမယ်။ တိုက်ဂါးဝုဒ်က “ဂေါက်သီးပြန်ကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


(SO)






အခြားဆက်စပ်သတင်းများ