နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ချက်စတာတက္ကသိုလ်ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရမယ့် မန်ယူလက်ရွေးစင်လေး

ဇူလိုင်   ၁၆


လာမယ့် ဘောလုံရာသီကုန်ဆုံးချိန်လောက်မှာ မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်မဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို မန်ယူလက်ရွေးစင်ကစားသမားတစ်ဦးက လက်ခံရရှိမှာဖြစ်ပါတယ်။ ဒီဆုကိုငယ်ရွယ်တဲ့ ကလေးသူငယ်များအတွက် ဆင်းရဲမှုတိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံပါဝင်ကူညီခဲ့သူကိုချီးမြှင့်မှာဖြစ်ပါတယ်။ ဒီဆုကိုလက်ခံရရှိမဲ့သူကတော့ မန်ယူကစားသမား အသက် ၂၂ နှစ်အရွယ်ရှိတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ပဲဖြစ်ပါ တယ်။ သူဟာ အသက်အငယ်ဆုံးဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို လက်ခံရရှိခဲ့သူပဲဖြစ်ပါတယ်။ 


ဟိုတုန်းက အဲလက်ဖာဂူဆန်နဲ့ ဘော်ဘီချာတန်တို့ရရှိခဲ့ပြီးဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကိုရိုနာကပ်ဆိုး ကြောင့် နိုင်ငံကပ်ဆိုက်နေချိန်မှာ လှူဒါန်းမှုတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်း Fareshare အဖွဲ့နှင့် ပူးပေါင်း လှူဒါန်းမှုတွေဆောင်ရွက်ခဲ့ပါတယ်။ ဆင်းရဲတဲ့ကလေးတွေကို ကိုရိုနာကပ်ဆိုးကာလမှာ ကျောင်းမှာအခမဲ့ ထမင်းကျွေးနိုင်ဖို့အတွက် ပေါင်သန်း ၂၀ အထိ ရန်ပုံငွေရှာပေးခဲ့ပြီး ကလေးများကိုကျွေးမွေးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒီဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အင်မတန်ဂုဏ်ယူစရာကောင်းမဲ့နေ့ပါ။ ဒီလို ဒေါက်တာဘွဲ့ကိုချီးမြှင့်ခံရတဲ့လူတွေ ကြားထဲမှာ ကျွန်တော်ငယ်ငယ်ရွယ်ရွယ်နဲ့ရတာ ဝမ်းသာမိပါတယ်။ ကလေး တွေရဲ့ ငယ်ဘဝမှာဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ဖို့အတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာလျှောက်လှမ်းရမှာဖြစ်ပေမယ့် ကျွန်တော်တို့ လမ်းကြောင်း မှန်ကို သွားနေပါ တယ်”လို့ ပြောကြား လိုက်ပါတယ်။         မန်ချက်စတာတက္ကသိုလ်က ပရော်ဖက်ဆာ နန်ဆီရော့ဝဲကတော့ “မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ကွင်းထဲမှာ အင်မတန်ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူရဲ့လူမှုရေးမှာပါဝင်မှုက နိုင်ငံက ကလေးသူငယ်ပေါင်းမြောက်မြားစွာရဲ့ ဘဝကိုပြောင်းလဲပေးစေခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာတက္ကသိုလ်အနေနဲ့ သူ့ကို အသက်ငယ်ဆုံးဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဂုဏ်ယူစွာချီးမြှင့်တာပါ” လို့ ပြောကြားပါတယ်။                                                                                 

 (SO)






အခြားဆက်စပ်သတင်းများ