မန္တလေး ဇူလိုင် ၁၆
မန္တလေးမဟာအောင်မြေမြို့နယ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်အောင်တက်ရောက်၍ အမှာစကားပြောကြားပြီး အ.ထ.က(၁၃)အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်မတ်စ် ၃၀၀ ကို ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်သန်းနွဲ့ထံသို့လည်းကောင်း၊ အမှတ်(၂၄)အ.ထ.ကကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်မတ်စ် ၃၀၀ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစန်းထံသို့လည်းကောင်း ပေးအပ်စဉ်။
မောင်ပြည်သူ(မန္တလေး)