နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ပွဲဝင်ဖို့စိတ်အားအလွန်ထက်သန်နေတဲ့ တာတိုအပြေးမယ် ဖရေဆာပရိုက်စ်

ဇူလိုင်   ၁၅


ဂျမေကာတာတိုဂန္ထဝင်အပြေးမယ် ဖရေဆာပရိုက်စ်က သူမအနေနဲ့ ပြိုင်ပွဲများပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ရန် စိတ်အားအလွန်ထက်သန်နေကြောင်း၊ Lock down ကာလဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုများပြီး စိတ်ဓာတ်တက်ကြွမှုကိုကျဆင်းစေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။


“Lock down ကာလရဲ့ ပထမနှစ်လက ကျွန်မအတွက်အလွန်ခက်ခဲခဲ့ပါတယ်။ ကျွန်မတို့လေ့ကျင့်တဲ့ အမျိုးသားအားကစား ကွင်းကို ပိတ်ထားခဲ့ပါတယ်။ ကျွန်မရဲ့ ဒူးနဲ့ခြေဖျားများဒဏ်ရာရနေတာကြောင့် အကောင်းဆုံးအနေအထားကို ရဖို့ခက်ခဲနေပါသေးတယ်။ကျွန်မတို့ ကစားသမားတွေ၊ အုပ်စုတွေ ကွဲပြားခဲ့ကြတယ်၊ ပြေးလမ်းပေါ်ကို ၁၀ ယောက်လောက်တောင် ပြန်ရောက်လာတာမရှိပါဘူး။ ဒါကြောင့် ပြေးလမ်းနဲ့ GYM ကစားမှုတွေကို ဆက်တိုက်ကစားပြီး ပြန်လာရမှာပါ” လို့ ဖရေဆာပရိုက်စ်ကပြောကြားခဲ့ပါတယ်။


တစ်ကမ္ဘာလုံး ဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြေးခုန်ပစ်ပွဲစဉ်များ ရပ်ဆိုင်းထားရ၍ ဖရေဆာပရိုက်စ်နဲ့အတူ ပြေးခုန်ပစ်ကြယ်ပွင့်များ၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခွင့်မရရုံတင်သာမက လေ့ကျင့်ရေးအစီအစဉ်များနှင့်လည်း အသားကျအောင်ကြိုးပမ်းလေ့ကျင့်နေရပါတယ်။                          


(SO)






အခြားဆက်စပ်သတင်းများ